Home
မြန်မာသတင်း
မန္တလေးမဟာမုနိဘုရားကြီး အလှူခံပုံးထဲက အလှူငွေနှင့် ရွှေဆိုင်းများခိုးယူခံရ
DVB
·
August 20, 2018
မန္တလေး မဟာမုနိဘုရားကြီး ဂေါပကရုံး စတိုခန်းအတွင်း သိမ်းဆည်းထားတဲ့ အလှူခံပုံးထဲက အလှူငွေတွေနဲ့ ရွှေဆိုင်းတွေ ခိုးယူခံခဲ့ရတယ်လို့ နယ်မြေရဲစခန်းက သိရပါတယ်။ ဘုရားကြီး ဂေါပကအဖွဲ့က ရဲစခန်းကို အကြောင်းကြားခဲ့တာ​ကြောင့် မြို့မရဲစခန်မှူးနဲ့ တာဝန်​ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ သြဂုတ် ၁၈ ရက် ည ၉ နာရီခွဲလောက်က လူတဦးဝင်ရောက်လာကာ အလှူခံပုံးမှန်တွေရိုက်ခွဲပြီး အလှူခံပုံးထဲက ငွေတွေ ယူဆောင်သွားတာကို ဘုရားကြီးမှာ တပ်ဆင်ထားတဲ့ CCTV မှတ်တမ်းအရ အတည်ပြုနိုင်ခဲ့ပါတယ်။ ခိုးယူသွားသူဟာ  မဟာမုနိဘုရားကြီးမှာ လုံခြုံရေးဝန်ထမ်း တာဝန်​ထမ်း​ဆောင်​​နေတဲ့ ​ကျော်​​ဇေယျ ဖြစ်​​နေတာ​ကြောင့် သူနေထိုင်တဲ့ ချမ်းမြသာစည်​မြို့နယ်​၊ ကံသာယာရပ်ကွက်​ရှိ ဝန်​ထမ်းလိုင်းခန်း​ကို သွားရောက်ရှာဖွေရာမှာ ငွေသားကျပ်​ ၃၆ သိန်းကျော်၊ နိုင်ငံခြားငွေတွေ၊ ရွှေဆိုင်းတွေနဲ့အတူ  ဖမ်းဆီးရမိခဲ့ပါတယ်။ ဖောက်​ထွင်းခိုးယူခဲ့သူ ကျော်ဇေယျကို ချမ်းမြသာစည် မြို့မရဲစခန်းက​ (ပ) ၃၅၆/၂၀၁၈ ပပက ၆ (၁) နဲ့ အမှုဖွင့်အ​ရေးယူထားတယ်လို့  တာဝန်​ရှိသူက​ ပြောပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024