မိုးမိတ်မြို့နယ်၌ တောင်ပြိုကျ၍ ရွာသား ၇ ဦး သေဆုံး
DVB
·
August 18, 2018
မိုးမိတ်မြို့နယ်၊ လွယ်မောက်ရွာမှာ သြဂုတ် ၁၆ ရက်က တောင်ပြိုကျလို့ ရွာသား ၇ ယောက် သေဆုံးသွားတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ရွာက ခရစ်ယာန်ဘုရားကျောင်း ကြမ်းခင်းရာမှာ သုံးဖို့ ရွာနားမှာရှိတဲ့ ကျောက်ဗြုန်းတောင်မှာ ရွာသူရွာသား ၃၀ လောက် စုပေါင်း တူးဖော်နေတုန်း တောင်ပြိုကျခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အမျိုးသား ၇ ယောက်သေဆုံးပြီး အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၃ ယောက်တို့ ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။