မုန်တိုင်းငယ် အိန္ဒိယကမ်းခြေကို ဖြတ်ကျော်၊ ပဲခူး၊ ကရင်နှင့် မွန်တွင် မိုးကြီးမည်
DVB
·
August 15, 2018
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ မုန်တိုင်းငယ်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နေ တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်တယ်။
မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် (၃၅)မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်။
လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ ၉ ပေကနေ ၁၂ ပေခန့် ရှိနိုင်တယ်လို့ မိုးလေ၀သသတင်းမှာ ခန့်မှန်းဖော်ပြထားပါတယ်။
လတ်တလောရေကြီးရေလျှံမှုတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည် နယ်တို့ အပါအ၀င် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး နိုင်ငံ့အနှံ့အပြားမှာ မိုးဆက်လက်ကောင်းနေပါတယ်။