ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ဆင်ပြတိုက် ဖွင့်မည်
DVB
·
August 12, 2018
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ လာမယ့် နိုဝင်ဘာလအတွင်း ဆင်ပြတိုက်တခုဖွင့်ဖို့ စီစဉ်နေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ WWF က သတင်းထုတ်ပြန်ပါတယ်။
ဒီပြတိုက်ကို သစ်တောဦးစီးဌာနက ဖွင့်လှစ်မှာဖြစ်ပြီး တောရိုင်းဆင်တွေနဲ့ လုပ်ငန်းသုံးဆင်တွေရဲ့ အခန်းဏ္ဍနဲ့ ကြုံနေရတဲ့ အန္တရာယ်တွေကို ခင်းကျင်းပြသသွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဆင်တွေကို အမဲလိုက်သတ်ဖြတ်မူနဲ့ အရေခွံဆုတ်ခွာမူတွေ မကြာခဏ ဖြစ်ပေါ်နေပြီး တပတ်ကို တောဆင်ရိုင်းတကောင် အသတ်ခံနေရပါတယ်။
မြန်မာနိုင်ငံမှာ တောဆင်ရိုင်းအကောင်ရေ ၁၄ဝဝ နဲ့ ၂ဝဝဝ ကြားသာ ကျန်ရှိတော့တယ်လို့ WWF က ခန့်မှန်းထားပါတယ်။