ဖေ့စ်ဘွတ်ခ်ပေါ် အလန်းစားဓာတ်ပုံတွေ တင်လိုက်ပြန်တဲ့ သင်ဇာဝင့်ကျော်(ဓာတ်ပုံ)
DVB
·
July 31, 2018
နာမည်ကြီး သရုပ်ဆောင် မင်းသမီးတဦးဖြစ်တဲ့ သင်ဇာဝင့်ကျော်ဟာ သူ့ရဲ့ ဖေ့စ် ဘွတ်ခ်စာမျက်နှာပေါ်မှာ အလန်းစား ဓာတ်ပုံတွေ တင်လိုက်ပြန်ပါတယ်။
ပန်းရောင်၊ အဖြူရောင်နဲ့ အနက်ရောင်အစင်းကျားဝတ်စုံဖက်ရှင်နဲ့ ရိုက်ကူးထားတဲ့ သူ့ရဲ့ ဓာတ်ပုံ ၃ ပုံကို တင်ထားခဲ့တာဖြစ်ပြီး ဓာတ်ပုံတွေရဲ့ အညွှန်းမှာတော့ #nosmoking လို့ ရေးထားခဲ့တာပါ။
ခပ်လန်းလန်းရိုက်ချက်တွေနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှပေါ်လွင်တဲ့ ဓာတ် ပုံတွေ တင်လေ့ရှိတဲ့ သင်ဇာဝင့်ကျော်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ အားပေးတဲ့ ပရိ သတ် ၇ သိန်း ၇ သောင်းကျော်ရှိနေတာ ဖြစ်ပါတယ်။
အခုလက်ရှိ မျှဝေထားခဲ့တဲ့ ပုံတွေကိုတော့ တင်လိုက်တဲ့ နာရီပိုင်းအတွင်းမှာတင် ကြိုက်နှစ်သက်သူ ထောင်ချီ ရှိနေခဲ့တာပါ။