မက္ကဆီကိုလက်ရွေးစင် ဘောလုံးအသင်းနည်းပြ နုတ်ထွက်
DVB
·
July 29, 2018
မက္ကဆီကိုလက်ရွေးစင် ဘောလုံးအသင်း နည်းပြ ဂျုအန် ကားလို့စ် အိုဆိုရီယိုဟာ နည်းပြရာထူးကနေ နုတ်ထွက်လိုက်ပါတယ်။
နည်းပြ အိုဆိုရီယိုဟာ မက္ကဆီကိုအသင်းကို ပြီးခဲ့တဲ့ ရုရှာားးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးထွက်အဆင့်အထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
အသက် ၅၆ နှစ်အရွယ် သူ့ကို မက္ကဆီကို ဘောလုံးအဖွဲ့ချုပ်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းပေးမယ့် ပယ်ချခဲ့ပါတယ်။
ကိုလံဘီယာ နွယ်ဖွား နည်းပြဟာ မက္ကဆီကိုအသင်းကို ကိုင်တွယ်တဲ့ ၅၅ ပွဲမှာ ၃၃ ပွဲ အနိုင်ရအောင် စွမ်းဆောင်ထားပါတယ်။