စာရေးဆရာမ ဂျူး ၏ “သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ ခြုံလွှာ” လုံးချင်းဝတ္ထုသစ်ထွက်တော့မည်
DVB
·
July 6, 2018
နာမည်ကြီး စာရေးဆရာမ ‘ဂျူး’ ရဲ့ “သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ ခြုံလွှာ” အမည်ရ လုံးချင်းဝတ္ထုသစ်ကို အခု ဇူလိုင်လ ၁၁ ရက်နေ့မှာ ဂျူးစာပေကနေ ထုတ်ဝေဖြန့်ချိဖို့ရှိနေပါတယ်။
အခုထွက်ရှိလာမယ့် လုံးချင်းဝတ္ထုသစ်ဟာ စာရေးဆရာမဂျူးရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ ‘ဆုံနေရက်နဲ့လွမ်းလေခြင်း’ လုံးချင်းဝတ္ထုအပြီး ၄ နှစ် အကြာမှာ ထွက်ရှိလာမယ့် စာအုပ် ဖြစ်ပါတယ်။
ဆရာမ ‘ဂျူး’ ဟာ မရှိမဖြစ်မိုး၊ ကြာတော့သည်လည်းမောင့်စကား၊ မြစ်တို့၏မာယာ၊ ကြေမွသွားသောတိမ်တိုက်များအကြောင်း၊ မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်၊ တိမ်နဲ့ချည်တဲ့ကြိုး စတဲ့ လုံးချင်းဝတ္ထုအုပ် (၂ဝ) ရေးသား ထုတ်ဝေခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့ ပထမဆုံး လုံးချင်းဝတ္ထုကတော့ ၁၉၈၇ ခုနှစ်မှာ ထုတ်ဝေခဲ့သော “အမှတ်တရ” လုံးချင်းဝတ္ထုဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာရေးရာ အက်ဆေးတွေ၊ ဝတ္ထုတိုပေါင်းချုပ် စာအုပ်တွေ၊ စာပေဆိုင်ရာ ဆောင်းပါးတွေအပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာအုပ်တွေကို လည်း ရေးသား ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။
သတင်း-စကားဝါ