မိုးညှင်းတွင် မြေစာပုံပြိုကျ၍ အမျိုးသား ၁ ဦးသေဆုံး
DVB
·
June 3, 2018
မိုးညှင်းမြို့နယ်မှာ ဇွန် ၂ ရက်နေ့ ညနေ ၄ နာရီက မြေစာပုံပြိုကျလို့ အမျိုးသား ၁ ဦး သေဆုံးသွားတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ထားပါတယ်။
မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ၊ နမ္မချီမှော် တောင်းစိမ်းလေးမှော်လုပ်ကွက်ဟောင်း မြေစာပုံမှာ အောင်ဝေဦးဟာ ရေမဆေးကျောက် ရှာဖွေနေစဉ် မြေစာပုံပြိုကျပြီး ကျောက်တုံးပိမိကာ ဦးခေါင်း၊ နှဖူး၊ ဝဲပေါင်၊ ဝှေးစေ့၊ ဝဲပါး၊ ရင်အုံ၊ နောက်ကျောညိုမဲ ပွန်းပဲ့ပေါက်ပြဲဒဏ်ရာတွေရရှိခဲ့လို့ မိုးညှင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရာ ညနေ ၅ နာရီ ၁၅ မိနစ်မှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
မိုးညှင်းမြို့မ ရဲစခန်းက အောင်ဝေဦး သေဆုံးမှုကို သေမှုသေခင်းအမှတ်စဉ် (၃၄/၂၀၁၈) ရေးဖွင့်စစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။