Home
မြန်မာသတင်း
သရက်​မြို့ တူရကီစစ်​သင်္ချိုင်း ပြုပြင်​ထိန်းသိမ်း​ရန် ပဋိညာဉ်​စာချုပ်​ လက်​မှတ်​​ရေးထိုး
DVB
·
May 30, 2018
မ​ကွေးတိုင်း​ဒေသကြီး၊ သရက်​မြို့​မြောက်​ဘက်​ နှစ်မိုင်​ခန့်​အကွာမှာ တည်ရှိတဲ့ တူရကီစစ်​သင်္ချိုင်းကို ပြုပြင်​ထိန်းသိမ်းတဲ့လုပ်​ငန်းတွေ လုပ်​​ဆောင်​ဖို့ ​ ပဋိညာဉ်စာချုပ်​ ချုပ်ဆို လိုက်ပါတယ်။ မေလ ၂၉ ရက် ​ည​နေက ရန်​ကုန်​မြို့ရှိ တူရကီသံရုံးမှာ သရက်​မြို့စည်​ပင်​​ကော်​မတီ အတွင်း​ရေးမှူး ဦးသိန်းနိုင်​နဲ့ တူရကီသံအမတ်ကြီး  ကီရမ်ဒီဗန်အယ်ရိုဂလူတို့က အခမ်းအနားနဲ့ သဘောတူ လက်​မှတ်​​ရေးထိုးခဲ့ကြတာပါ။ ၂၀၁၈ ဧပြီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ၉ လတာအတွက်​ ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ လုပ်ဖို့ သဘောတူလိုက်တာလို့ အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ သရက်​မြို့ စည်​ပင်​သာယာ​ရေး​ကော်​မတီ ဥက္ကဋ္ဌ ဦးခင်​​မောင်​စိုးက​ ပြောပါတယ်။ “တူရကီစစ်​သင်္ချိုင်းက ၂၀၁၄ ခု ကတည်းက တူရကီသံရုံးက ပြန်​လည်​ပြုပြင် ​တည်​​ဆောက်​ခဲ့ပြီး ​မြေယာအလှဆင်​ခြင်း၊ ထိန်းသိမ်း​စောင့်​ရှောက်​ခြင်း လုပ်​ငန်းတို့ကို မြို့နယ်​စည်​ပင်​နဲ့ ပူး​ပေါင်း​ဆောင်​ရွက်​ခဲ့ပြီး နှစ်​စဉ်​ဝင်​​ငွေ ၁၅၃​ သိန်း​ကျော်​ သံရုံးက​နေ ရရှိတယ်​။” ပထမကမ္ဘာစစ်​အတွင်းက အီရတ်​၊ ပါလက်​စတိုင်း၊ ဆီးရီးယားနဲ့ အာ​ရေဗီးယားစစ်​​မြေပြင်​မှာ ​အော်​တိုမင်​တပ်​မ​တော်​နဲ့ ဗြိတိသျှတပ်​မ​တော်​တို့ရဲ့ တိုက်​ပွဲတွေအတွင်း ဖမ်းဆီး​ခေါ်​ဆောင်​ခံရပြီး သရက်​မြို့မှာ ကျဆုံးခဲ့သူတွေကို အဆိုပါ တူရကီစစ်​သင်္ချိုင်းမှာ မြှုပ်နှံထားတာ ဖြစ်ပါတယ်​။ ​နေမှူးလူ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024