Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်
DVB
·
May 28, 2018
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိလာနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အခြေအနေနဲ့ ပတ်သက်ပြီး  ဒီကနေ့ မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်ကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်တာပါ။ မိုးလေဝသပညာရှင် ဒေါက်တာဦထွန်းလွင်ကလည်း နောက် ၄၈ နာရီအတွင်း မုန်တိုင်းဖြစ်ဖို့ ရာခိုင်နှုန်း တွက်ချက်မှုအရ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းဖြစ်ဖို့ ၁၄ ရာခိုင်နှုန်မှ ၁၆ ရာခိုင်နှုန်းခန့် ရှိနေတယ်လို့ မနေ့ညကတည်းက ခန့်မှန်းထုတ်ပြန်ထားပါတယ်။ မြစ်ဝကျွန်းပေါ် အနောက်ဘက်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ဒေသမှာ မေ ၂၈ ရက်  ညနေပိုင်းမှာ မကြာခဏ လှိုင်းကြီးနိုင်ပြီး ရေလှိုင်းအမြင့် ၁၀ ပေမှ ၁၅ ပေအထိ ရှိလာနိုင်တယ်လို့လည်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။ ဓာတ်ပုံ - MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024