Home
မြန်မာသတင်း
မိုးထိမိုးမိဒေသတွင်တူးဖော်ထားသည့် ရွှေပါဗြုန်းများ သန့်စင်ကြိတ်ခွဲခွင့်ပေးရန်တောင်းဆို
DVB
·
May 28, 2018
  မိုးထိမိုးမိဒေသမှာ ရွှေတူးဖော်လုပ်ငန်းတွေ မပိတ်သိမ်းချိန်က တူးဖော်ထားတဲ့ ရွှေပါဗြုန်း တန်ချိန်၂၀၀၀၀ ကျော်ကို  သန့်စင်ကြိတ်ခွဲခွင့်ရရှိဖို့ တိုင်းရင်းသားရွှေလုပ်ငန်းရှင်တွေက တောင်းဆိုလိုက်ပါတယ်။ ရွှေသန့်စင်ကြိတ်ခွဲခွင့်ရဖို့အတွက် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး အစိုးရဖွဲရုံးတွေထံ တင်ပြတောင်းဆိုထားတာဖြစ်တယ်လို့ တိုင်းရင်းသား ရွှေလုပ်ငန်းရှင်တွေက မေ၂၇ ရက် က မန္တလေးမြို့မှ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသရှိ ရွှေတူးဖော်ရေး လုပ်ငန်းတွေကို အစိုးရက ယာယီဆိုင်းငံ့ထားခဲ့တာကြောင့် ရွှေလုပ်သား၂၀၀၀ ကျော်နဲ့ မှီခိုသူ ၃၀၀၀ လောက် စားဝတ်နေရေးအခက်အခဲတွေရှိနေတယ်လို့လည်း တိုင်းရင်းသား ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ မိုးထိမိုးမိဒေသမှာ အိုင်ဗင်ဟို ကုမ္ပဏီရဲ့ ရွှေစမ်းသပ်လုပ်ကွက်ကို အမျိုးသားကြီး ပွားတိုးတက်ရေး ကုမ္ပဏီက ၂၀၁၁ခုနှစ် စက်တင်ဘာလမှာ တင်ဒါအောင်မြင်လုပ်ကိုင်ခဲ့ရာမှာ လက်ရှိအစိုးရလက်ထက်မှာ နိုင်ငံတော်ကို စာချုပ်ပါအတိုင်း ရွှေပေးသွင်းဖို့ ပျက်ကွက်ခဲ့ တာကြောင့်  ၂၀၁၇ခုနှစ် နိုဝင်ဘာလထဲမှာ လုပ်ငန်းတွေ ယာယီ ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ စာချုပ်ချုပ်ပြီး စတင်လုပ်ကိုင်ခဲ့တဲ့နေ့ကစပြီး ၂၀၁၇ နိုဝင်ဘာလဆန်းထိ ရွှေစင်စုစုပေါင်း ၃၅၁၅ ဒသမ ၆၃၈၄ ပိဿာ ထုတ်လုပ်ခဲ့ပေမယ့် နိုင်ငံတော်ကို ၃၃၈ ဒသမ ၈၀၉၇ ပိဿာပဲ ပေးသွင်းခဲ့သလို ရွှေမိုးယံ ကုမ္ပဏီအနေနဲ့ ရွှေစင် ၁၃၃ ဒသမ ၉၉၂ ပိဿာပေးသွင်းဖို့ ကျန်နေတယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကော်မတီက အစီရင်ခံစာတင်သွင်းထားပါတယ်။   သတင်းဓာတ်ပုံ-အောင်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024