ဖရူဆိုမြို့နယ်တွင် ဗုံးသီးဟောင်း ၂၈ လုံးတွေ့ရှိ
DVB
·
May 20, 2018
ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ ဗုံးသီးဟောင်း ၂၈ လုံးတွေ့ရှိတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြပါတယ်။
မေ ၁၈ ရက်နေ့က ကျေးရွာသားတွေ မြေတူးဖော်ရာကနေ ဗုံးသီးဟောင်းတွေ တွေ့ရှိခဲ့တာဖြစ်ပြီး ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မာခရောရှည်ကျေးရွာအနီး လွိုင်ကော်-ဘောလခဲ ကားလမ်းဘေးမှာ ၁၃ လုံး၊ ခိုးရာခူကျေးရွာအနောက်ဘက် ခိုးရားခူ-လျားဒူး မြေသားလမ်းဘေးမှာ ၂ လုံး၊ ဒေါသဲကျေးရွာအနောက်ဘက်မှာ ၁ လုံး၊ ဒေါကလော်လဲကျေးရွာ အနောက်တောင်ဘက် တောင်ယာမှာ ၄ လုံး၊ ထားလဲကျေးရွာနေ တောင်ယာအတွင်းမှာ မြေပေါက်ရာမှ ၁ လုံး၊ ပရယ်တော်ကျေးရွာ တောင်ဘက်တောင်ယာအတွင်းမှ ဗုံးသီးဟောင်း ၇ လုံးတို့ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
တွေ့ရှိတဲ့ ဗုံးသီးဟောင်းတွေကို တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာကို အပ်နှံခဲ့တယ်လို့ သိရပါတယ်။