Home
မြန်မာသတင်း
လက်နက်ကိုင်လမ်းစဉ်ဖြင့် မဖြေရှင်းရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တရုတ်တိုက်တွန်း
DVB
·
May 19, 2018
နိုင်ငံရေး၊ ဒေသတည်ငြိမ်းရေး ပြဿနာတွေကို လက်နက်ကိုင်လမ်းစဉ်နဲ့ မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ ဖြေရှင်းကြဖို့  ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနိုင်ရေးကော်မတီကို တရုတ်က တိုက်တွန်းလိုက်ပါတယ်။ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့က ကိုယ်စားလှယ်တွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ ကူမင်းမြို့မှာ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပြီး အခုလို တိုက်တွန်းခဲ့တာလို့ FPNCC က ကြေညာချက်ထုတ်ပြန်ပါတယ်။ မေလ ၁၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ရာမှာ FPNCC အဖွဲ့ဝင်တွေအနေနဲ့ တရုတ်-မြန်မာနယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့၊ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ ဒေသတည်ငြိမ်ရေးပြဿနာတွေကို လက်နက်ကိုင်လည်းစဉ်နဲ့ မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ ဖြေရှင်းဖို့ တရုတ်နိုင်ငံဘက်က တိုက်တွန်းခဲ့တာလို့ ဆိုပါတယ်။ အခု ပြန်လည်ကျင်းပဖို့ရှိတဲ့ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို FPNCC အဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ဖို့လည်း တရုတ်ဘက်က တိုက်တွန်းခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဝ တပ်ဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ခုတို့ရဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကို အစိုးရက တရားဝင် လက်ခံဆွေးနွေးတာ မရှိသေးသလို မဟာမိတ်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့နဲ့ တပ်မတော်တို လတ်တလောမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024