အမျိုးသမီး လိင်တူမေတ္တာဖွဲ့ Knife+Heart ပြင်သစ်ရုပ်ရှင် (နမူနာ)
DVB
·
May 18, 2018
မေလ ၁၇ ရက်နေ့က ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ "Knife + Heart" ရုပ်ရှင်ကို ပွဲဦး ထွက်ပြသခဲ့ပြီး အဲဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တဲ့ ပြင်သစ်ရုပ်ရှင်မင်းသမီးနဲ့ အဆိုတော် ဗန်နီဆာ ပဟာဒိစ် (Vanessa Paradis) တက်ရောက်ခဲ့ပါတယ်။
သူဟာ ဒါရိုက်တာ ယန်းဂွန်ဇာလက်၊ သရုပ်ဆောင်ဖက်တွေ ဖြစ်ကြတဲ့ ကိတ်မော် ရန်၊ နီကိုးလပ်စ် မော်ရီတို့နဲ့အတူ ကော်ဇောနီထက်မှာ ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။
ဒီကားဟာ ထိတ်လန့်သဲဖိုနဲ့ ဒရာမာရောထွေး ရိုက်ကူးထားတဲ့ ရုပ်ရှင်အမျိုးအစားထဲမှာ ပါဝင်ပါတယ်။
မင်းသမီး ဗန်နီဆာ ပဟာဒိစ်ကတော့ ဒီကားထဲမှာ အဲန်းဆိုတဲ့ လိင်တူအပြာရုပ်ရှင် ထုတ်လုပ်သူ ဇာတ်ကောင်အမျိုးသမီးနေရာက ပါဝင်ထားပြီး သူ့ရဲ့အမျိုးသမီး လိင်တူချစ်သူဟောင်း လွီးစ်နေရာမှာတော့ ကိတ်မော်ရန်က သရုပ်ဆောင်ထားခဲ့တာပါ။
သူထုတ်လုပ်တဲ့ အပြာရုပ်ရှင်ကားထဲက သရုပ်ဆောင် မင်းသားတွေကို မျက်နှာဖုံးစွပ် လူသတ်သမားတယောက်က သတ်လိုက်တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ သူက ချစ်သူမိန်းကလေး လွီးစ်ကို ပြန်လည်ရယူဖို့ နောက်ယောင်ခံလိုက်နေချိန်မှာ လွီးစ်ရဲ့ နောက်ကို လူသတ်သမားက ပြန်ပြီး နောက်ယောင်ခံလိုက်တဲ့အခြေအနေကြားမှာ ဘယ်လိုတွေ ဖြစ်လာမလဲ ဆိုတာက စိတ်ဝင်စားစရာကောင်းပါတယ်။
အဲဒီ "Knife + Heart" ရုပ်ရှင်ဟာ ၇၁ ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ဇာတ်ကား ၂၁ ကားထဲမှာ ပါဝင်ပါတယ်။ ကိန်းစ်ရုပ်ရှင်ပွဲတော်ကို မေလ ၁၉ ရက်နေ့အထိ ကျင်းပမယ်လို့ သိရပါတယ်။