Home
မေးမြန်းခန်း
“သည်းမခံနိုင်ဘဲ မီးရှို့တဲ့အဆင့်ဖြစ်သွားတာ” ဖားကန့်ကျောက်မျက်ကုမ္ပဏီ မီးရှို့ခံရမှုနှင့်ပတ်သက်၍မေးမြန်းချက်
နန်းမြနဒီ
·
May 14, 2018
  ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာမှာ မေလ ၁၃ ရက် ညက ကျောက်တူးဖော်ရေးကုမ္ပဏီနဲ့ အလုပ်သမားတွေကြား ပြဿနာဖြစ်ပေါ်ပြီး အဆောက်အဦနဲ့ ယာဉ်ယန္တရားတွေ မီးရှို့ခံရကာကုမ္ပဏီက သိုလှောင်ထားတဲ့ ကျောက်စိမ်းတွေလည်း ဖောက်ထွင်းခံခဲ့ရပါတယ်။ ဒီကိစ္စ္စနဲ့ ပတ်သက်ပြီး ပြဿနာဖြေရှင်းဖို့ သွားရောက်ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး- လုံးခင်းအုပ်စုဘက်မှာ ကျောက်ကုမ္ပဏီအဆောက်အဦတွေမီးလောင်ပြီး ကျောက်စိမ်း သိုလှောင်ရုံတွေလည်း ဖောက်ထွင်းခံရတယ်လို့ သိရပါတယ်။ အဲဒါ ဘာကြောင့် ဘယ်လိုဖြစ်ရ သလဲဆိုတာ ပြောပြပေးပါလား။ ဖြေ - “မနေ့ကနေ့လည်ပိုင်းမှာပေါ့လေ အလုပ်ကလည်း သိမ်းချိန်ရောက်နေပြီ၊ အဲဒီအခါမှာ အလုပ်သမားတွေက သူတို့ရဲ့အလုပ်သမားလစာကိစ္စ္စတွေနဲ့ ပတ်သက်ပြီးမှ ဆန္ဒပြတာပေါ့ဗျာ။ အဲဒီတော့ ညှိနှိုင်းပေးဖို့လုပ်နေတယ်။ ညနေပိုင်းကတော့ ဆူပူမှုလှုံဆော်တဲ့သူတွေရော ၊ သောက်စားမူးယစ်တဲ့လူတွေလည်းရှိတာပေါ့။ အဲဒီမှာသည်းမခံနိုင်ဘဲနဲ့ မီးရှို့တဲ့အဆင့်ဖြစ်သွား တာပေါ့ဗျ၊ ည ၇ နာရီခွဲလောက်မှာ မီးစလောင်တယ်။ လုံးခင်းက မီးသတ်ကားတွေ  ၁၀ စီးလောက်ရောက်လာပေမယ့် ရေမဆေးကျောက်ရှာသမားတွေက လုံးဝအ၀င်မခံပါဘူး၊ ဒါရွာမီးလောင်တာ မဟုတ်ဘူး။ ကုမ္ပဏီမီးလောင်တာ ခင်ဗျားတို့ဘာမှ ၀င်လုပ်စရာမလိုဘူးဆိုပြီး ခဲတွေနဲ့ ထုကြသေးတယ်တဲ့၊ အဲဒါကြောင့် မီးသတ်ကားတွေက တစ်နာရီလောက် နောက်ကျပြီးမှ သွားငြှိမ်းခဲ့ရတယ်။ အခုဒီမနက်လည်း မီးကြွင်းမီးကျန်တွေ ရှိနေပါသေးတယ်။ မီးသတ်ပိုက်နဲ့ ရေတွေလိုက်ဖျန်းနေပါတယ်။ မနေ့ညက အဲလို ရုန်းရင်းဆန်ခတ်ဖြစ်တော့ ရဲတပ်ဖွဲ့ဝင်တွေ အများကြီးရောက်လာပြီး ပစ်ခတ်ဖြေရှင်းရတဲ့အထိ ဖြစ်ခဲ့တယ်” မေး - အခုအလုပ်သမားတွေနဲ့ ပြဿနာဖြစ်နေတာက ဘယ်ကုမ္ပဏီတွေလဲ ဖြေ - “လုံးခင်းအုပ်စု ဆန်ခါရွာမှာရှိတဲ့ မဟာကုမ္ပဏီနဲ့ တောက်ပကြယ်ကုမ္ပဏီ နှစ်ခုဗျ၊ ပထမဆုံးစဖြစ်တာကတော့ တောက်ပကြယ်ကုမ္ပဏီလို့ သိရပါတယ်၊ ဖြေရှင်းဖို့ အချိန်ကိုမရ လိုက်တဲ့ အနေအထားမျိုးပေါ့။ မနေ့နေ့ခင်းက ကျနော်တို့ကိုယ်တိုင် အလုပ်သမားတွေ လုပ်ခလစာနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ကိစ္စ္စကိုဖြေရှင်းပေးမယ်လို့ ကုမ္ပဏီက တာဝန်ရှိ သူတွေ နဲ့ ပဏာမညှိနှိုင်းထားတာပဲရှိတယ်၊ ကုမ္ပဏီကလည်း အလုပ်သမားတွေဖြစ်ချင်တဲ့ အတိုင်း မနက်ဖန်လုပ်ပေးပါမယ်လို့ ဆွေးနွေးနေတဲ့အချိန်၊ နေ့မှမကူးသေးဘဲ ညမှာမီးရှို့ လိုက်တော့ ညှိနှိုင်းဖို့ အချိန်မရလိုက်ဘူးပေါ့။ ကုမ္ပဏီ နှစ်ခုစလုံးက အလုပ်သမားပေါင်း ၂၀၀၀ကျော်ရှိ တယ်ခင်ဗျ။ သူတို့နေရာတွေ မီးလောင်သွားတော့ လောလောဆယ် ဆန်ခါရွာဘုန်းကြီးေ ကျာင်းနဲ့ ဓမ္မာရုံတွေမှာ နေနေရတယ်။ စက်ဆရာတွေလည်းပါတယ်။ ၁၀၀၀ကျော်လောက်က နေစရာမရှိတဲ့အနေအထားမှာ ဖြစ်နေတယ်” မေး - အဲလို ညှိနှိုင်းပေးမယ့်ဟာကို အလုပ်သမားတွေဘက်က ဘာဖြစ်လို့မစောင့်ဆိုင်း နိုင်တာလဲ ဖြေ - “အလုပ်သမားတွေ ပြောတာကတော့ အလုပ်သမားဆောင်တွေမှာ ခါတိုင်းဆိုမီးထွန်းပေး တယ်၊ မနေ့ညကတော့ မီးမပေးဘဲအမှောင်ချထားတယ်၊ ပြီးတော့ ရဲတပ်ရင်းတွေကလည်း လုံခြုံရေးဝင်ယူထားတာရှိတယ်။ အလုပ်သမားဆောင်တွေကို မီးထွန်းပေးဖို့ ပြောကြတဲ့အခါမှာ  မီးမပေးတော့ နေ့လည်က မကျေနပ်တဲ့ဟာတွေနဲ့ရောပြီး ဆူပူတယ်။ ခဲတွေနဲ့ပေါက်တယ်၊ အဲဒီ မှာ လုံခြုံရေးတပ်က သေနတ်ဖောက်တယ်တဲ့၊ နဂိုကမှပေါက်ကွဲလုလုဖြစ်နေတဲ့ဟာ သေန တ်သံကြားတော့ မီးရှို့တာတွေဘာတွေ ဖြစ်လာကြတာတဲ့။ မီးလောင်တဲ့နေရာကို လုံးခင်းက မီးသတ်ကားတွေ လာငြှိမ်းတော့ မနေ့နေ့လည်ခင်းတုန်းကလဲဆန္ဒပြတဲ့အခါ မပါချင်တဲ့ လူတချို့ ရှိတယ်။ အဲဒါကို မပါရင်မရဘူး။ မပါရင် ရိုက်မယ်နှက်မယ်။ ခဲနဲ့ ထုမယ်လို့ ပြောတယ်။ အတင်း စည်းရုံးပြီးတော့လုပ်တယ်လို့လည်း ကျနော်တို့ကြားသိရပါတယ်။ ဆူပူလှုံဆော်မှုတွေနဲ့ ပတ်သ က်ပြီး သက်ဆိုင်ရာက လူသုံးလေးဆယ်လောက် ဖမ်းထားတယ်လို့ ကျနော်တို့ သိရပါတယ်။ မေး- မီးလောင်တဲ့အထဲမှာ ဘာတွေပါသွားလဲ။ ပျက်စီးဆုံးရှုံးမှုဘယ်လောက်ရှိပါသလဲ။   ဖြေ- “အလုပ်သမားတွေအိပ်တဲ့အဆောင်ရော၊ ယန္တရားတွေရော တော်တော်လေးကို ပျက်စီး ပါတယ်။ ယာဉ်တွေ၊ ကားတွေ၊ ယန္တရားတွေ၊ ဘက်ဖိုးတွေ၊ အလုပ်သမားဆောင်က ၄ ဆော င်လောက်ပါတယ်။ နောက်ပြီးတော့ စက်ပစ္စည်းဂိုဒေါင်တွေ၊ အဲလိုမီးရှို့ခံရပြီး ရုတ်ရုတ်သဲ သဲအချိန်မှာပဲ ကုမ္ပဏီရဲ့ကျောက်ဂိုဒေါင်ကို လာပြီးတော့မှ ဖောက်ထွင်းပြီး အပြင်ကို ထုတ်ကြတယ်။ လူပေါင်းထောင်ချီတယ်။ အလုပ်သမားတွေပေါ့” မေး -  အခုဖြစ်သွားတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဦးတင်စိုးတို့ တာဝန်ရှိသူတွေ အနေနဲ့ ဘာတွေ ဆောင်ရွက်ပေးနိုင်မလဲ။ ဖြေ -  “အလုပ်သမားတွေ ဒီလိုလုပ်တော့ အလုပ်သမားတွေပဲ ဒုက္ခရောက်နေရပြန်ရော ၊ အခု အဆောင်မရှိတော့ နေစရာလည်းမရှိတော့ဘူး။ စားစရာလည်းမရှိ ဖြစ်နေတယ်။ လောလော ဆယ် ဘုန်းကြီးကျောင်းတွေ ဓမ္မာရုံတွေမှာ ရောက်နေတယ်။ သူတို့ရဲ့ ရစရာရှိတဲ့လုပ်အားခကို အမြန်ဆုံးပြန်ရဖို့ ကျနော်တို့လုပ်ပေးပါမယ်။ ပြီးတော့ ဒီအလုပ်သမား ၂၀၀၀ကျော်ရဲ့ မှတ်ပုံတင်တွေ၊ မှတ်ပုံတင်တွေထည့်ထားတဲ့သေတ္တာလည်း ပျောက်သွားတယ်လို့ သိရတယ်၊ မီးတော့မလောင်ဘူး၊ တချို့က ရွှေသေတ္တာထင်ပြီးမသွားတယ်လို့လည်း ပြောနေတယ်။ အဲဒါ ပြန်ရဖို့ကိစ္စပေါ့။ နောက်ပြီးတော့ မနေ့ညက အဖမ်းခံရတဲ့ လူတွေထဲမှာ ပါဝင်ပူးပေါင်းခြင်းမရှိဘဲ အဖမ်းခံရတဲ့ သူတွေ နစ်နာမှုမရှိစေဖို့ သက်ဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။”   ဟုတ်ကဲ့ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024