Home
မြန်မာသတင်း
Roanu မုန်တိုင်း တိုက်ခတ်မည့်သတင်း ကောလာဟလဟု မိုးဇလပြော
DVB
·
May 12, 2018
  လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ Roanu မုန်တိုင်းတိုက်ခတ်မယ်ဆိုတာဟာ ကောလာဟလပဲ ဖြစ်ပြီး အဲဒီမုန်တိုင်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်း ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ European Center for Medium-range Weather Forecast (ECMWF) ရဲ့ ၁၁ ရက်နေ့ ခန့်မှန်းချက်တွေအရ မေ ၁၂ ရက်နေ ၂၀ ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်မယ့် အခြေအနေမရှိဘူးလို့ ဆိုပါတယ်။ Global Forecast System (GFS) ရဲ့ ခန့်မှန်းချက်အရလည်း မေ ၁၂ ရက်ကနေ ၂၅ ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်မယ့် အခြေအနေမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် မေ ၂၆ ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေပွေလှိုင်းတခု ဖြစ်ပေါ်နိုင်ပြီး အဲဒီလေပွေလှိုင်း အားကောင်းလာရင်တော့ လေဖိအားနည်း ရပ်ဝန်းအဖြစ် ပြောင်းလဲလာနိုင်ပါတယ်။ ထူးခြားမိုးလေဝသဖြစ်စဉ်တွေ၊ မုန်တိုင်းအခြေအနေတွေနဲ့ ပတ်သက်ပြီး မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အချိန်နဲ့ တပြေးညီ တရားဝင်ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေကိုပဲ စိတ်ချယုံကြည်ဖို့နဲ့ တိကျသေချာတဲ့ သတင်းအချက်အလက်တွေကို အသေးစိတ်ထပ်မံသိရှိ ရယူချင်ရင်တော့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ မိုးလေဝသဌာနခွဲ၊ နေပြည်တော် (ဖုန်းနံပါတ် - ၀၆၇-၄၁၁၂၅၀၊ ၀၆၇-၄၁၁၅၂၆၊ ၀၆၇-၄၁၁၅၂၇) တို့သို့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024