‘ဒုဋ္ဌဝတီကို လွန်၍’ ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပြသ
သူသူအောင်
·
May 1, 2018
မြန်မာ့ရုပ်ရှင်လောကကို တခေတ်ဆန်းစေမယ့် ရုပ်ရှင်ဇာတ်ကားဖြစ်တယ်လို့ ထင်ကြေးပေးခံနေရတဲ့ ‘ဒုဋ္ဌဝတီကို လွန်၍’ ရုပ်ရှင်ဇာတ်ကားကို ဧပြီ ၃၀ ရက်ညနေပိုင်းက ရန်ကုန် သမ္မတရုံမှာ မိတ်ဆက် ပြသခဲ့ပါတယ်။
"ဒုဌဝတီကိုလွန်၍" The Mystery of Burma - Beyond the Dotehtawady ရုပ်ရှင်ဇာတ်ကားကို Golden Hour Mandalay Entertainment က ပထမဦးဆုံး ပွဲဦးထွက် ထုတ်လုပ် တင်ဆက်ပြီး ဒါရိုက်တာ အာကာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်တွေအဖြစ် နိုင်းနိုင်း၊ အမွန်း၊ ဇော်ဇော်အောင် စသူတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ်ရှင်ဇာတ်ကားကြီးကို မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံကြီးတွေမှာ မေလ ၄ ရက်နေ့က စတင်ပြသပေးမယ်လို့ သိရပါတယ်။