အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးရင် ဘာလုပ်ရမလဲ
DVB
·
April 29, 2018
အကာအကွယ်မဲ့လိင်ဆက်ဆံတာက နောက်ပိုင်းမှာ မမျှော်လင့်ဘဲဆိုတဲ့ မျှော်လင့်မထားတဲ့ ကိစ္စတွေဖြစ်လာနိုင်တာ တော်တော်လေးများပါတယ်။ စိတ်ပူစိုးရိမ်စရာတွေလည်းရှိပါတယ်။ တကယ်လို့ သားဆက်ခြားဆေးတစ်ခုခု မသုံးနေဘူးဆိုရင် လိင်ဆက်ဆံစဉ်မှာ အကာအကွယ်ရှိနေဖို့က လိုအပ်ပါတယ်။
အကာအကွယ်မဲ့လိင်ဆက်ဆံမိလိုက်သလား
မတော်တဆ အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးရင် ဒါတွေလုပ်သင့်ပါတယ်။ပုံမှန်မဟုတ်တဲ့လက္ခဏာတွေရှိနေလားဆန်းစစ်မယ် (အကာအကွယ်မဲ့လိင်ဆက်ဆံပြီး မိနစ် ၃၀ အတွင်း)
အကာအကွယ်မဲ့လိင်ဆက်ဆံတာက အမျိုးသားမှာရော အမျိုးသမီးမှာပါ STD (လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ) ရရှိခံစားရနိုင်ခြေ ကိုတိုးစေနိုင်ပါတယ်။ အမျိုးသမီးတွေမှာတော့ မမျှော်လင့်ဘဲ ကိုယ်ဝန်ရရသွားနိုင်ခြေကိုပါတိုးစေနိုင်တာပေါ့။ တကယ်လို့ STD ကူးစက်ခံလိုက်ရပြီဆိုရင် ရောဂါလက္ခဏာကတော်တော်လေးကြာမှသိရှိနိုင်မှာဖြစ်ပါတယ်။ အခုဖော်ပြမယ့် အချက်လေးတွေရောဖြစ်နေပြီဆိုရင်တော့ ပုံမှန်မဟုတ်ဘူးဆိုတာ သိသင့်ပါပြီ။- မျိုးပွားအင်္ဂါကနေ အကြောင်းအရင်းမရှိဘဲသွေးထွက်နေတာမျိုး – ဒီလက္ခဏာက အမျိုးသားတွေထက် အမျိုးသမီး တွေမှာပိုအဖြစ်များပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့နောက် အမျိုးသမီးအင်္ဂါစပ်မှာ သွေးထွက်တာမျိုး ဖြစ်နေမယ်ဆိုရင် ဒါကပုံမှန်မဟုတ်ပါဘူး။ ဒါကပိုးဝင်ရောက်နိုင်ချေအရမ်းမြင့်နေပြီဆိုတဲ့ လက္ခဏာလည်းဖြစ်ပါတယ်။ ဒါကြောင့် အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါ မျိုးပွားအင်္ဂါမှာ သွေးထွက်နေလားစစ်ဆေးပါ။
- ဆီးသွားနေစဉ်မှာ နာကျင်နေလား – ဒါကတော့ ဆီးလမ်းကြောင်းမှာ ပိုးဝင်နေပြီဆိုတာကို ပြသနေတဲ့ သိသာတဲ့လက္ခဏာတစ်ရပ်ပါ။ STD ခံစားနေရပြီဆိုတာကို သိရှိနိုင်တဲ့ လက္ခဏာတစ်ရပ်ဆိုလည်းမမှားပါဘူး။
- လိင်ဆက်ဆံနေစဉ်နာကျင်နေခြင်း – ဒါကအမျိုးသားမှာရော အမျိုးသမီးမှာပါခံစားရနိုင်ပါတယ်။ အကယ်လို့ သင့်အနေနဲ့ လိင်ဆက်ဆံနေစဉ်အတွင်းမှာ နာကျင်မှုခံစားရမယ်ဆိုရင် လိင်ဆက်ဆံမှုကနေတဆင့် ရောဂါကူး စက်ခံရတာမျိုးဖြစ်နေနိုင်ပါတယ်။