Homeအနုပညာ
“မသိဘူး ချစ်တယ်” ရုပ်ရှင်ရိုက်ကွင်းနောက်ကွယ်မှ သင်ဇာဝင့်ကျော်၏ အလန်းစားပုံရိပ်များ (ဓာတ်ပုံ)
“မသိဘူး ချစ်တယ်” ရုပ်ရှင်ရိုက်ကွင်းနောက်ကွယ်မှ သင်ဇာဝင့်ကျော်၏ အလန်းစားပုံရိပ်များ (ဓာတ်ပုံ)
DVB
·
April 26, 2018
သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်ဟာ လက်ရှိမှာ “မသိဘူး ချစ်တယ်”လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ကားကြီးတကားမှာ ပါဝင်ရိုက်ကူးနေပြီး အဲဒီကား ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို မျှဝေထားခဲ့ပါတယ်။
ဒီပုံတွေကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး စုစုပေါင်းဓာတ်ပုံ ၅ ပုံကို တင်ထားခဲ့တာ ဖြစ်ပါတယ်။
ပုံတွေထဲမှာတော့ Gym တခုထဲမှာ ပန်းရောင် Sexy ကျကျ ဝတ်စုံနဲ့ ကစားနေတဲ့ သူ့ရဲ့ အလန်းစားပုံရိပ်တွေကို တွေ့မြင်ရမှာဖြစ်ပြီး အမျိုးသားသရုပ်ဆောင် ခန့်စည်သူနဲ့အတူ ရှိနေတာကို တွေ့ကြရမှာပါ။
လက်ရှိမှာတော့ #flashback ‘မသိဘူး ချစ်တယ်' ရုပ်ရှင်ကားကြီးရိုက်ကွင်း 🎬 လို့ ရည်ညွှန်းရေးသားထားတဲ့ ဓာတ်ပုံတွေကို နာရီပိုင်းအတွင်း ကြိုက်နှစ်သက်သူ ၄ သောင်း ၈ ထောင်ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ဟာ မနက်ဖြန်မှာ ရုံတင်ပြသတော့မယ့် ‘မုန်းလို့ရရင် မုန်းချင်တယ်’ ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာလည်း နေတိုး၊ မင်းဦး၊ ရတနာမိုင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားခဲ့ပါသေးတယ်။