ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့်အခမ်းအနား ပြုလုပ်
DVB
·
April 21, 2018
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာ စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း လေးနှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဧပြီ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အခမ်းနားကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဦးဝင်းတင်ရဲ့ လမ်းညွှန်ချက်တွေအတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သွားနေကြောင်း၊ ဦးဝင်းတင်ဟာ NLD ပါတီက လူငယ်တွေရဲ့ဆရာတစ်ယောက် မိဘတစ်ဦး ဖြစ်တဲ့အတွက်ကြောင့်လည်း ရန်ကုန်အစိုးရအဖွဲ့မှာ ခေါင်းဆောင်လုပ်နေရတဲ့ ကျနော်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာ စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ လမ်းညွှန်ချက်တွေဟာ အများကြီးအထောက်အကူဖြစ်တဲ့အကြောင်း အခမ်းအနားဖွင့်ပွဲမှာ ပြောဆိုသွားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာ စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင်ဟာ အသက် ၈၅ နှစ်အရွယ် ၂၀၁၄ ခုနှစ် ဧပြီ ၂၁ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာ စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင်ဟာ စာအုပ်ပေါင်း ၁၈ အုပ်ရေးသားထုတ်ဝေခဲ့ပြီး နယ်စီးမခြားသတင်းထောက်အဖွဲ့က ပေးအပ်ခဲ့တဲ့ Journalist Prize ဆုနဲ့ ကိုးရီးယားနိုင်ငံကနေ လူ့အခွင့်အရေးဆုတွေ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုတွေကို ရရှိခဲ့သူဖြစ်ပါတယ်။