Home
မြန်မာသတင်း
တပ်မတော်ကို ဝေဖန်သည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဖျော်ဖြေမှု ပိတ်ခံရ
DVB
·
April 16, 2018
ကျောင်းသားတွေ ခေါင်းဆောင်ပါဝင်ဖွဲ့စည်းထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို သက်ဆိုင်ရာက ဒီနေ့မှာပဲ လိုက်လံပိတ်ပင်လိုက်ပါတယ်။ သင်္ကြန်အတက် ဧပြီ ၁၆ ရက်မှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ သွားရောက်ဖော်ျဖြေဖို့ရှိတဲ့ မြို့နယ် မဏ္ဍပ်တွေကနေ သက်ဆိုင်ရာက လာရောက်ပိတ်ပင်ထားကြောင်း ဖုန်းဆက်အကြောင်းကြားလာခဲ့ကြတာလို့ အဖွဲ့ခေါင်းခေါင်းဆောင်တဦးဖြစ်တဲ့ ကိုပိုင်ရဲသူက ပြောပါတယ်။ တပ်မတော်ကို ဝေဖန်ထားတဲ့ သံချပ်တွေ ပါဝင်နေတာကြောင့် သူတို့ သံချပ်အဖွဲ့ကို ပိတ်တာဖြစ်နိုင်တယ်လို့လည်း ကိုပိုင်ရဲသူက ပြောပါတယ်။ “စစ်တပ်နဲ့ စစ်တပ်ကို ပြောဆိုထားတာတွေ ပါတယ်၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဝေဖန်ထောက်ပြထာတာတွေ ပါတယ်။ အဲ့ဒီ အချက်အလက်တွေကြောင့်ပဲ ပိတ်လိုက်တယ်လို့ မြင်ပါတယ်။ ထွေအုပ်ကနေ လိုက်ပိတ်နေတာမြင်ရတော့ ထွေအုပ်ဆိုတာက စစ်တပ်အောက်က ရှိတဲ့ဟာမို့လို့ ဒါက စစ်တပ်နဲ့ ထွေအုပ်နဲ့ ပေါင်းပြီးတော့ ကျနော်တို့ကို ပိတ်ပင်တယ်လို့ မြင်တယ်။” ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲရဲ့ အခုနှစ် သင်္ကြန်သံချပ်စာသားတွေထဲမှာ ထစ်ကနဲဆို စစ်ကိုပြင် တကယ်ထိတာ ပြည်သူ့ရင်ဘတ် ငြိမ်းချမ်းရေးရဲ့ နောက်ကွယ်မှာ ထိုးစစ်တွေက ၀ှက်ဖဲတွေပဲ စတဲ့ စာသားတွေ ပါဝင်ပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတဦးဖြစ်ပြီး ညီမျှခြင်းမြန်မာကို တည်ထောင်ထားတဲ့ ဦးအောင်မျိုးမင်းက “သံချပ်ကိုကြောက် ကျောင်းသားကိုလန့်တဲ့ ပယောဂတွေ မကျွတ်သေးပါလား၊ သံချပ်ဆိုတာ လူထုထဲက လူထုအသံတွေ၊ ကျောင်းသားဆိုတာ ပြည်သူတွေထဲက ပြည်သူတွေ သံချပ်ကို ပိတ်ပင်တယ်ဆိုတာ လူထုအသံကို မျက်ကွယ်ပြုတာ ကျောင်းသားတွေကို ဖိနှိပ်တယ်ဆိုတာ ပြည်သူ့တွေကို စော်ကားတာ” လို့ သူ့ ဖေ့စ်ဘွတ်ခ်မှာ ဒီနေ့ပဲ ရေးတင်ပါတယ်။ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲဟာ ၂၀၁၂ခုနှစ်ကတည်းက ရန်ကုန်သင်္ကြန်ပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ သံချပ်အဖွဲ့ဖြစ်ပြီး စာသား ဆင်ဆာ မတင်ဘဲ သင်္ကြန်နွှဲတဲ့ သံချပ်အဖွဲ့လည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024