Home
မြန်မာသတင်း
ခရီးသည် အတင်အချလုပ်နေသည့် သုံးဘီးဆိုင်ကယ်ကို ကုန်တင်ကား ဝင်တိုက်၊ ၇ ဦးဒဏ်ရာရ
DVB
·
April 10, 2018
  မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့အနီး၊ နောင်ဘိုကျေးရွာ၊ ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းမပေါ်မှာ ဧပြီ ၉ ရက် နေ့လယ်ပိုင်းက ကုန်တင်ယာဉ်တစီးက ရပ်ထားတဲ့ သုံးဘီးဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိရာက ယာဉ်ပေါ်ပါခရီးသည် ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ နောင်ဘိုကျေးရွာ၊ ဘူတာလမ်းထိပ်၊ မိုင်တိုင်အမှတ် ၁၄၁/၀ နဲ့ ၁၄၁/၁ အကြား သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ ယာဉ်မောင်း ဦးဇော်မျိုးနိုင် မောင်းနှင်လာတဲ့  ဟိုင်းလတ်အမျိုးအစား အဖြူရောင်ယာဉ်မှာ ၎င်းရှေ့မှာ ခရီးသည်အတင်အချပြုလုပ်ဖို့ ရပ်ထားတဲ့ ယာဉ်မောင်း စောဟဲထူး မောင်းနှင်တဲ့ ခရီးသည်တင် သုံးဘီးဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ သိမ်ဆိပ်နယ်မြေရဲစခန်းက တာဝန်ရှိသူတစ်ဦးက "ယာဉ်တိုက်မှုဖြစ်တယ်ဆိုပြီး ဖုန်းဆက်လာလို့ တပ်ဖွဲ့ဝင်တွေနဲ့ သက်သေလူကြီးတွေ သွားရောက်စစ်ဆေးခဲ့တာပါ။ သုံးဘီးဆိုင်ကယ်က လမ်းဘေးကို ထိုးကျသွားပြီး ဟိုင်းလတ်ယာဉ်ကတော့ ကားလမ်းမဘေးမှာ ပတ်လက်လန် တိမ်းမှောက်သွားတယ်။ ခရီးသည် ၇ ဦး ထိခိုက်ဒဏ်ရာရရှိထားလို့ သိမ်ဆိပ်တိုက်နယ်ဆေးရုံကို တင်ပို့ကုသထားပါတယ်" လို့ပြောပါတယ်။ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး လူသေဆုံးမှု မရှိလို့  နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိကာ အမှုဖွင့်လှစ်ခြင်း မရှိပါကြောင်း သိမ်ဆိပ်နယ်မြေရဲစခန်းက သိရပါတယ်။ သတင်း - ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024