မြောင်းမြတံတားပြတ်ကျရာမှ ကျန်ရှိနေသည့်အလောင်းနှင့်ကားကိုဆယ်ယူရန်ကြိုးစား (ဓာတ်ပုံ)
DVB
·
April 4, 2018
မြောင်းမြကြိုးတံတားပြတ်ကျရာမှာ ပြုတ်ကျခဲ့တဲ့ ကုန်တင်ကားနဲ့ ယာဉ်နောက်လိုက် အလောင်းနဲ့ကားကို ဒီနေ့ မနက် ၈ နာရီလောက်ကစပြီး ဆယ်ယူဖို့ နောက်တကြိမ် ကြိုးစားနေ ကြပါတယ်။
ဧပြီ ၁ ရက်မနက် ၁ နာရီ ၄၅ မိနစ်က မြောင်းမြ မြစ်ကူးကြိုးတံတားကြီး ရွေးမြစ်ထဲကို ပြတ်ကျသွားရာမှာ ခြောက်ဘီးကုန်တင်ယာဉ်နဲ့အတူ ယာဉ်မောင်း မဲကြီး(ခ)သန့်ဇော်ထိုက်နဲ့ ယာဉ်နောက်လိုက်တဦးတို့ မြစ်ထဲသို့ ပြုတ်ကျ သေဆုံးသွားခဲ့တာပါ။
တံတားပြတ်ကျရာမှာ ကုန်ကားနဲ့အတူ ပါသွားတဲ့သူ နှစ်ဦးထဲက တဦးဖြစ်တဲ့ ယာဉ်မောင်း ကိုသန့်ဇော်ထိုက်ရဲ့ အလောင်းကိုတော့ ဧပြီ ၂ ရက်နေ့က ရှာဖွေဆယ်ယူ ရရှိခဲ့ပြီး ယာဉ်နောက်လိုက်ရဲ့ အလောင်းကို ဆယ်ယူဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။
ဓာတ်ပုံ - ရဲဝံ့သူ