တနိုင်းမြို့အနီး မြေငလျင်လှုပ်
DVB
·
April 3, 2018
ကချင်ပြည်နယ် တနိုင်းမြို့အနီးမှာ အင်အားရစ်(ခ်)တာစကေး ၄.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု မနေ့က လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဧပြီ ၂ ရက်၊ မြန်မာစံတော်ချိန် ၁၈ နာရီ၊ ၁၂ မိနစ်၊ ၁၃ စက္ကန့်အချိန်မှာ မြစ်ကြီးနား မြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၈၁ မိုင်ခန့်ကွာတဲ့ မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၂၂ မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၆.၆၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၉၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာလို့ ဆိုပါတယ်။
ဓာတ်ပုံ- မိုးဇလ