Home
မြန်မာသတင်း
မြောင်းမြမြို့ ကြိုတံတားပြတ်သွားသည့်အတွက် ဇက်ရေယာဉ်နှစ်စီးဖြင့် ပြေးဆွဲပေးရန် စီစဉ်
သော်ဇင်မျိုး
·
April 1, 2018
တံတားပျက်ကျသွားတာကြောင့် လမ်းပန်းဆက်သွယ်ရေးပိတ်မိနေတဲ့ မြောင်းမြမြို့ အတွက် ဇက်ရေယာဉ်နှစ်စီးနဲ့ ပြေးဆွဲဖို့ စီစဉ်နေပါတယ်။ ဒီကနေ့ မနက်ပိုင်းက မြစ်ထဲပျက်ကျသွားတဲ့ မြောင်းမြကြိုးတံတားကြောင့် မြောင်းမြမြို့နဲ့ လပွတ္တာမြို့တွေအနေနဲ့ ရန်ကုန်အပါအဝင် အခြားသော ဒေသတွေကို သွားလာဖို့ လမ်းကြောင်း ပျက်တောက်သွားတာပါ။ ဇက်ယာဉ် ဆိုက်ကပ်နိုင်မယ့် လမ်းကြောင်းရှာဖွေနေပြီး လက်တလောမှာ ပုသိမ်က ဇက်ယာဉ် အသေးတစီးနဲ့ ရန်ကုန်က ကားတင်နိုင်မယ့် ဇက်ယာဉ် အကြီးကို ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။ ကြိုးတံတားအနေနဲ့ မြောင်းမြဘက်ခြမ်းက ဆိုင်းကြိုး လေးကြိုးရှိတဲ့အထဲက သုံးကြိုးပျက်တောက်ပြီး တံတားပေါ်ဖြတ်သန်းနေတဲ့ ကုန်ကားတစ်စီးနဲ့အတူ လူနှစ်ဦးပါ မြစ်ထဲနစ်မြုပ်ခဲ့တာပါ။ မြောင်းမြကြိုးတံတားအနေနဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပထမဆုံးတည်ဆောက်ခဲ့တဲ့ ကြိုးတံတားဖြစ်ပြီး အပေါ်ထည်ဘေလီကြိုးတံတားနဲ့ အောက်ထည် သကူကွန်ကရစ်အမျိုးအစားဖြစ်ပါတယ်။ တံတားပေအရှည် ၁၄၀၀ ကျော်နဲ့ ယခင်ခွင့်ပြုတန်ချိန် ၂၀ သတ်မှတ်ထားပါတယ်။ တံတားကို ၁၉၉၄ ခုနှစ်ကစတင်တည်ဆောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်ဝန်းကျင်လောက်က ဖွင့်လှစ်ခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်နေပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တံတားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့သလို အိုမင်းယိုယွင်းနေပြီဖြစ်တဲ့ တံတားကိုအစားထိုးဖို့ဘေးမှာ တံတားသစ်တစင်းကို တည်ဆောက်နေပေမယ့် တံတားသစ်မပြီးခင်မှာဘဲ တံတားဟောင်း ပျက်ကျခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024