Home
မြန်မာသတင်း
ညောင်လေးပင် ယခုနှစ်သင်္ကြန်တွင် သံချပ်ဖျော်ဖြေမှု ထည့်သွင်းကျင်းပမည်
DVB
·
March 31, 2018
  နှစ်ပေါင်း ၄၀ ကျော်ကြာ မကျင်းပဖြစ်တဲ့ ညောင်လေးပင်မြို့ရဲ့  သင်္ကြန်သံချပ်ဖျော်ဖြေမှုကို အခုနှစ်သင်္ကြန်မှာ ထည့်သွင်းကျင်းပသွားမယ်လို့ ပွဲတော်ကျင်းပရေးကော်မတီက ပြောပါတယ်။ သံချပ်သီချင်းတွေကို စိစစ်ခြင်းပြုလုပ်မှာမဟုတ်ပဲ တဦးတယောက်ရဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာနဲ့ ညစ်ညမ်းတဲ့ အသုံးအနှုန်းတွေကလွဲပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဌာနဆိုင်ရာတွေရဲ့ အားနည်းချက်အားသာချက်တွေကို အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုတွေကို လက်ခံသွားမယ်လို့ သိရပါတယ်။ ညောင်လေးပင်မြို့မှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀) ကစလို့ သင်္ကြန်ကာလ သံချပ်ထိုးတာ ပျောက်ကွယ်သွားခဲ့တာလည်းဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က ထည့်သွင်းကျင်းပလာတဲ့ အစဉ်လာကောင်းကို ခုခေတ်လူငယ်တွေ သိရှိစေဖို့၊ သံချပ်ရဲ့ သဘောသဘာဝကို နားလည်စေဖို့ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ ပြည်သူတွေရဲ့ အပြုသဘောဆောင် ထောက်ပြဝေဖန်သံကို ကြားချင်တာကြောင့် အခုနှစ်က စတင်ကာ ပြန်လည်ထည့်သွင်းကျင်းပရတာလို့ ပွဲတောင်ကျင်းပရေးကော်မတီအဖွဲ့က ဦးခင်မောင်လွင်က ပြောပါတယ်။ သတင်း-နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024