ဖြူးမြို့အနီး ရစ်(ခ်)တာစကေး ၅ ဒသမ ၃ အင်အားအသင့်အတင့်ရှိမြေငလျင်လှုပ်
DVB
·
March 18, 2018
မြန်မာနိုင်ငံပြည်တွင်း ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ရဲ့ အနောက်တောင်ဘက် ၂၆ မိုင်ခန့်အကွာမှာ ဒီမနက် အစောပိုင်းက အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အား အသင့်အတင့်ရှိမြေငလျင် လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီမနက် မြန်မာစံတော်ချိန် ၂ နာရီ၊ ၂၉ မိနစ်၊ ၀၅ စက္ကန့် အချိန် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် ၉၈ မိုင်ခန့် ကွာဝေးတဲ့ နေရာမှာ လှုပ်ခတ်သွား တာဖြစ်ပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မကြားသိရသေးပါဘူး။