တိုင်းရင်းသား စာပေယဉ်ကျေးမှုပွဲတော်နှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရ ရှင်းလင်း
DVB
·
March 10, 2018
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဦးဆောင်ပြီး တောင်ကြီးမြို့မှာပြုလုပ်မယ့် တိုင်းရင်းသား စာပေယဉ်ကျေးမှုပွဲတော်နဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က မတ် ၉ ရက်နေ့က ရှမ်းပြည်နယ် စီမံစီးပွားဝန်ကြီးရုံးခန်းမှာ သတင်းစာရှင်းလင်ပွဲပြုလုပ်ပါတယ်။
အစိုးရသစ်ရည်မှန်းတဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ထူထောင်ရေး အထောက်အပံ့ဖြစ်စေရေးနဲ့ တိုင်းရင်းသား ရိုးရာအမွေတွေ မြှင့်တင်ပေးဖို့ အခုလို ပြုလုပ်ရတာလို့ ဆိုပါတယ်။
တိုင်းရင်းသားစာပေယဉ်ကျေးမှုပွဲတော်ကို တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ မတ်လ ၂၁ ရက်နေ့ စတင်ကျင်းပမှာဖြစ်ပြီး ၅ ရက်ကြာကျင်းပမှာလည်းဖြစ်ပါတယ်။
အခုပွဲတော်မှာ တိုင်းရင်းသားစာပေနဲ့ယဉ်ကျေးမှု မြှင့်တင်တဲ့အနေနဲ့ စာပေနဲ့ပတ်သက်တဲ့စာတမ်းနဲ့ ယဉ်ကျေးမှု ဆိုင်ရာစာတမ်းဖတ်ပွဲကို အလေးထား လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
တိုင်းရင်းသား စာပေယဉ်ကျေးမှုပွဲတော်မှာ ရိုးရာအသုံးအဆောင်ပြခန်း၊ ရိုးရာအစားအသောက်၊ စာပေပြပွဲ၊ ယဉ်ကျေးမှု အဆိုအကအတီးနဲ့ ဈေးရောင်းပွဲတော်တွေ ပြုလုပ်မှာဖြစ်ပါတယ်။
တိုင်းရင်းသား စာပေနဲ့ယဉ်ကျေးမှု ပွဲတော်ဟာ ကရင်ပြည်နယ်နဲ့ မန္တလေး မှာကျင်းပပြီးပြီဖြစ်ပြီး နေပြည်တော်မှာလည်း ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။