ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကား စင်ကာပူနိုင်ငံတွင် ရုံတင်ပြသမည်
DVB
·
March 9, 2018
မြန်မာနိုင်ငံမှာ ရုံတင်ပြသ အောင်မြင်မှုရရှိခဲ့တဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကို စင်ကာပူနိုင်ငံမှာ အခု မတ်လကုန်ပိုင်း စတင်ရုံတင်ပြသတော့မယ်လို့ ဥပါယ်တံမျဉ်ရုပ်ရှင်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။
ဥပါယ်တံမျဉ်ရုပ်ရှင်ကို စင်ကာပူမှာ လာမယ့် ရုံးပိတ်ရက်ရှည်ဖြစ်တဲ့ မတ် ၃၀၊ ၃၁ နဲ့ ဧပြီ ၁ ရက်နေ့တွေ Golden Mile Tower Carnival Cinema မှာ ပြသမှာလို့ ဆိုပါတယ်။
လက်မှတ်တွေကို City Hall တတိယထပ်က ရဲရင့်ရှေ့မှာ ရောင်းချပေးမှာဖြစ်ပြီး စတင်ရောင်းချမယ့်နေ့နဲ့ ပွဲချိန်တွေကိုတော့ ကြေညာပေးမယ်လို့ ဆိုပါတယ်။
ရုပ်ရှင်လက်မှတ် စောစောစီးစီး ဝယ်ယူအားပေးချင်သူတွေအနေနဲ့ အခုသီတင်းပတ် မတ်လ ၁၀ ရက်ကစပြီး Online ကနေ http://www.carnivalcinemas.sg လင့်ခ်မှာ စတင်ဝယ်ယူအားပေးနိုင်တယ်လို့ သိရပါတယ်။
ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ခရစ်(စ)တီးနားခီက ရိုက်ကူးပြီး အဓိက သရုပ်ဆောင်တွေအဖြစ် ဇဏ်ခီ၊ သက်မွန်မြင့်၊ အောင်မြင့်မြတ်၊ Kaew Korravee နဲ့ မင်းဦးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။