တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပ (ဓာတ်ပုံ)
DVB
·
March 7, 2018
၂၀၁၇-၂၀၁၈ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၇ ရက် မနက်က မြန်မာတနိုင်ငံလုံးမှာ စတင်စစ်ဆေးနေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့စာရင်းအရ အခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖို့ စာရင်းသွင်းထားသူ ၈၄၄၂၉၂ ဦး ရှိနေပါတယ်။
ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အ.ထ.က ၄ မှာ မြန်မာစာ စတင်ဖြေဆိုဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားတွေနဲ့ လာရောက်စောင့်ဆိုင်းနေတဲ့ ကျောင်းသားမိဘတွေကို မြင်တွေ့နေရတာပါ။