ရေစကြို မီးလောင်မှု အိမ်ခြေ ၁၅၄ လုံး ပျက်စီးဆုံးရှုံး(ရုပ်သံ)
မြင့်နိုင်
·
March 4, 2018
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာမှာ မတ်လ ၃ ရက်နေ့ ညက မီးလောင်မှုဖြစ်ခဲ့ပွားလို့ အိမ်ခြေ ၁၅၀ ကျော် ပျက်စီးဆုံးရုံးခဲ့တယ်လို့ သိရပါတယ်။
အိမ်ခြေ ၁၅၄ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး တန်ဖိုး ၆၉၃ သိန်းကျော်ဖိုး ဆုံးရှုံးမှုရှိခဲ့တယ်လို့ ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ပြောပါတယ်။
ဒီမီးဘေးကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ လူဦးရေ ၈၀၀ ကျော်အတွက် အကူအညီတွေ လိုအပ်နေပါတယ်။ မီးကြွင်းမီးကျန်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
လတ်တလောမှာတော့ မီးဘေးသင့်ပြည်သူတွေ စားဝတ်နေရေးအတွက် ပရဟိတအသင်းတွေက သွားရောက် ကူညီပေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-ရေစကြိုမြို့နယ်လူငယ်ကွန်ရက်၊ ရုပ်သံ- Nyein Tunn Khaing