အမျိုးသမီးများ အကြမ်းဖက်ခံရမှု အန္တရာယ်မှ ကာကွယ်ရန် သရုပ်ပြ
DVB
·
March 1, 2018
အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု အန္တရာယ်က ကာကွယ်ဖို့ သရုပ်ပြမှုကို အမျိုးသမီး ပါဖောမန့် အနုပညာရှင်တွေ မတ်လ ၁ ရက်နေ့က မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီအစီအစဉ်ကို အမျိုးသမီးတွေကို အကြမ်းဖက်တာတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လျော့နည်းစေဖို့ ရည်ရွယ်ထားတဲ့ Respect Her ကမ်ပိန်းက စီစဉ်တာ ဖြစ်ပါတယ်။
အမျိုးသမီး ပါဖောမန့် အနုပညာရှင်တွေ ဖြစ်တဲ့ မအိနဲ့ ရတနာတို့က အမျိုးသမီးတွေအပေါ် လူမှုဝန်းကျင်က ဖိနှိပ်နေတဲ့ အကြောင်းအရာတွေကို အနက်ရောင် ဘောလုံးတွေမှာ ရေးသားပြီး အချင်းချင်း ပစ်ပေါက်တဲ့ဟန်နဲ့  သရုပ်ပြခဲ့ပါတယ်။