Homeသတင်းဓာတ်ပုံ
သက်ငယ်မုဒိမ်းကျူးလွန်သူကို သေဒဏ်ပေးရေး ပခုက္ကူကျောင်းသားလူငယ်များ လှုပ်ရှား
သက်ငယ်မုဒိမ်းကျူးလွန်သူကို သေဒဏ်ပေးရေး ပခုက္ကူကျောင်းသားလူငယ်များ လှုပ်ရှား
DVB
·
February 25, 2018
ပခုက္ကူမြို့ မြိုမလမ်းနဲ့ ထင်းတန်းလမ်းဆုံမှာ ဒီနေ့ မနက်က ကျောင်းသားလူငယ်လေးတွေ စုပေါင်းပြီး သက်ငယ်မုဒိမ်းမှု ပပျောက်ရေး၊ သက်ငယ်မုဒိမ်းကျူးလွန်သူကို သေဒဏ်ပေးရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
သက်ငယ်မုဒိန်း ဖြစ်ပေါ်လာရင် ဆက်သွယ်အကူအညီတောင်းနိုင်ဖို့ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ ဖုန်းနံပါတ်တွေအပြင် အသိပညာပေးအချက်အလက်တွေပါတဲ့ လက်ကမ်း စာစောင်ဖြန်ဝေပေးခဲ့တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲကိုပါဝင်ခဲ့တဲ့ လူငယ်တဦးကတော့ အရွယ်မရောက်သေးသူ ကလေးသူငယ်များကို မုဒိန်းမှုကျူးလွန်တာမျိုးကို ဘယ်လိုမှ လက်မခံနိုင်သလို ထောင်ဒဏ် နှစ် ၂၀ တင် မလုံလောက် တာကြောင့် သေဒဏ်ထိ ချမှတ်သင့်တယ်လို့ဆိုပါတယ်။
သတင်း၊ ဓာတ်ပုံ - ကိုမြင့်နိုင်