မြိုင်မြို့နယ် ပန်းတိုင်းတော့အရှေ့ရွာတွင် သောက်သုံးရေ အခက်ကြုံ
မြင့်နိုင်
·
February 23, 2018
ပခုက္ကူခရိုင် မြိုင်မြို့နယ် ပန်းတိုင်းတော အရှေ့ရွာမှာ သောက်သုံးရေရှားပါးမှုနဲ့ ကြုံနေရပါတယ်။
စက်ရေတွင်းပျက်သွားတာ နှစ်လလောက်ရှိပြီဖြစ်ပြီး ရေချိုတွင်းပျက်သွားတာကြောင့် သောက်ရေနဲ့ ထမင်းဟင်းချက်ဖို့ ခက်ခဲနေတာပါ။
လက်ရှိအသုံးပြုနေတဲ့ရေက ခါးတာကြောင့် သောက်ရေက ခက်ခဲတာဖြစ်ပါတယ်။ ရေချိုရဖို့ စက်ရေတွင်းတူးမယ်ဆိုရင် ပေ ၉၀၀ နဲ့ ၁၀၀၀ လောက်တူးရမှာဖြစ်ပါတယ်။
အရှေ့ပန်းတိုင်းတောကျေးရွာအတွက် စက်ရေတွင်းသစ်တူးဖို့ သိန်း ၁၅၀ လောက်ကုန်ကျမှာဖြစ်ပြီး ကျေးရွာအနေနဲ့ ငွေကြေးမလုံလောက်တာကြောင့် ရေတွင်းမတူးနိုင်ဖြစ်နေပါတယ်။