Home
မြန်မာသတင်း
မြင်းခြံတွင် ဘုရားစင်မီးပူဇော်ရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား
DVB
·
February 18, 2018
မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့ အမှတ်​ ၆ ရပ်​ကွက်​၊ နယ်​​မြေ (၈) ​နေထိုင်​သူ ​ဒေါ်မာမာ​အေးရဲ့ ​နေအိမ်​မှာ ဘုရားစင်​မီးပူ​ဇော်​ရာကနေ လျှပ်​စစ်​မီး အပူလွန်​ကဲရာမှ​ ​ဖေ​ဖော်​ဝါရီ ၁၇ ရက်​​နေ့၊ ည​နေ ၆ နာရီ ​ကျော်​က မီး​လောင်​မှုဖြစ်​ပွားခဲ့ပါတယ်​။ မီး​လောင်​မှုဖြစ်​စဉ်​မှာ​ ​ဒေါ်မာမာ​အေးရဲ့ ​နေအိမ်​ ၁ လုံး နဲ့အတူ ကပ်​လျှပ်​​နေအိမ်​ တစ်​ခြမ်းကိုပါ မီးကူးစက်​​လောင်​ကျွမ်းသွားခဲ့ပါတယ်။ မီး​လောင်​​မှုကို မြင်းခြံခရိုင်​ မီးသတ်​ဦးစီးဌာနမှ မီးသတ်​ယာဉ်​ ၁၁ စီး၊ ​ရေသယ်​ယာဉ်​ ၃ စီးနဲ့အတူ မြင်းခြံမြို့ရှိ ပရဟိတအသင်းအဖွဲ့တွေ၊ ရပ်​ကွက်​​နေပြည်​သူတွေ ဝိုင်းဝန်းငြှိမ်းသတ်​ခဲ့လို့ ည ၇ ဝန်းကျင်​လောက်​ မီးကို အပြီးငြိမ်းသတ်​နိုင်​ခဲ့ပါတယ်​။ မီး​လောင်​ကျွမ်းမှု​ကြောင့် ကျပ် ၁၀ သိန်းဖိုးလောက် ပျက်​စီးဆုံးရှုံးခဲ့တယ်​လို့ သိရပါတယ်​။ မြင်းခြံမြို့ အမှတ်​ (၁) မြို့ရဲစခန်းက ​​ဒေါ်မာမာ​အေးအား မီး​ပေါ့ဆမှု ပုဒ်​မ ၂၈၅ နဲ့  အမှုဖွင့် အ​ရေးယူ​ဆောင်​ရွက်​ထား​ကြောင်း မြင်းခြံမြို့မရဲစခန်းမှ သိရပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024