Home
မြန်မာသတင်း
မန္တလေးမြို့တွင် ကျောက်မျက်ရတနာကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
DVB
·
February 16, 2018
မန္တလေးမြို့မှာ  ကျောက်မျက်ရတနာကဏ္ဍအလုပ်ရုံ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၆ ရက်နေ ၁၇ ရက်ထိ နှစ်ရက်ကြာ ပြုလုပ်နေပါတယ်။ ဒီဆွေးနွေးပွဲမှာ မန္တလေး၊ စစ်ကိုင်းနဲ့ တောင်ကြီးဒေသက ကျောက်မျက်ကော်မတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့  မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း(မကလ) အဖွဲ့ကိုယ်စားလှယ်တွေ လာရောက်ပြီး ကျောက်မျက်ရတနာကဏ္ဍ စီမံခန့်ခွဲမှုအခြေနေနဲ့ ပက်သက်လို့ ဆွေးနွေးဖို့ရှိပါတယ်။ မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြီးခဲ့တဲ့နှစ်ကတည်းက အမျိုးသားလွှတ်တော်မှာ ဥပဒေကြမ်းပြင်ဆင်ရေးဆွဲတင်ပြထားတာရှိပါတယ်။ ကျောက်မျက်ရတနာ ဥပဒေကြမ်းပါ စီမံခန့်ခွဲမှု အခြေအနေ၊ လုပ်ကွက်တွေချထားပေးတာနဲ့ အခွန်ကောက်ခံမှုဆိုင်ရာကိစ္စတွေ ဆွေးနွေးမှာဖြစ်ပြီး ရလဒ်ကို မူဝါဒကြမ်းတင်နိုင်အောင် ကြိုးစားသွားမယ်လို့ ကျောက်မျက်ရတနာကဏ္ဍ အထောက်အကူပြုရေး ကော်မတီ ဦးဆောင်ညွှန်ကြားရေးမှူးက ပြောပါတယ်။ လတ်တလော ခန္တီးရတနာနယ်မြေလုပ်ကွက်မှာ ရေမဆေးအဖွဲ့တွေရဲ့ ဖြစ်ပေါ်နေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဒီရက်ပိုင်းအတွင်းမှာ အမိန့်ကြေညာစာနဲ့ပဲ လက်လုပ်လက်စား လုပ်ကွက်တွေ ချပေးသွားမယ်လို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024