ပြည်ထောင်စုနေ့အထိမ်းအမှတ် ရေစကြိုတွင် လှေလှော်ပြိုင်ပွဲ ကျင်းပ
မြင့်နိုင်
·
February 10, 2018
ပခုက္ကူခရိုင် ရေစကြိုမြို့မှာ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့က လှေလှော်ပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။
တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ ကျင်းပခဲ့တာပါ။
ဒီပြိုင်ပွဲကို ရေစကြိုမြို့ အမှတ် ၁ အုပ်ချုပ်ရေးမှူးက တံခွန်စိုက်ဖလား ဆုချီးမြှင့်မှာဖြစ်ပြီး အခြားရပ်ကွက်နေပြည်သူတွေကလည်း ဆုရအသင်းတွေကို ဆုချီးမြှင့်ပေးသွားမှာပါ။
ရေစကြိုမြို့က ပြည်ထောင်စုနေ့ လှေလှော်ပြိုင်ပွဲမှာ လှေလှော်အသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး လှေ ၅ တက်ပြိုင်ပွဲဖြစ်ပါတယ်။
မြင့်နိုင်