Home
မြန်မာသတင်း
ရွှေဘို-ကျောက်မြောင်းလမ်းတွင် လူမှုကူညီရေးကားတိမ်းမှောက် ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ
Aung Ko Latt
·
February 10, 2018
ရွှေဘို-ကျောက်မြောင်းလမ်းမှာ လူမှုကူညီရေးကား တိမ်းမှောက်ခဲ့မှုကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊အမှတ် ၁၀ ရပ်ကွက်၊ ရွှေဘို-ကျောက်မြောင်းလမ်းမှာ ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၉ နာရီကျော်အချိန်က လူမှုကူညီးရေးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့လို့ ယာဉ်ပေါ်ပါလာသူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။ ရွှေဘို-ကျောက်မြောင်းလမ်းအတိုင်း စိုးမင်းအောင် မောင်းနှင်လာတဲ့ Alphad အမျိုးအစား ကရုဏာမောင်မယ် လူမှုကူညီးရေးကားက မိုင်တိုင်အမှတ် ၄/၁ နှင့် ၄/၂ ကြား လမ်းလယ်မှာရှိတဲ့ ကျောက်ပုံကိုတိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ ယာဉ်တိမ်းမှောက်ခဲ့လို့ ကားပေါ်ပါလာတဲ့ ယာဉ်မောင်း စိုးမင်းအောင် (၂၃ နှစ်) မှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ နားထင်သွေးထွက်ဒဏ်ရာတွေ ရရှိပြီး ရွှေဘိုပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်စဉ် လမ်းမှာ သေဆုံးခဲ့ပါတယ်။  ဒါ့အပြင် ဒဏ်ရာရရှိခဲ့တဲ့ သီဟသူဝင်းနဲ့ ဘိုဘိုတို့လည်း အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေပါတယ်။ ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်ပြီး လူသေဆုံးဒဏ်ရာရှိစေခဲ့တဲ့အတွက် ယာဉ်မောင်း စိုးမင်းအောင် ကို ရွှေဘိုမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄(က)နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024