ဗန်းမော်မြို့အနီး ငလျင်လှုပ်
DVB
·
February 2, 2018
ကချင်ပြည်နယ် မြစ်ကြီးနား မြေငလျင်စခန်းမှ တောင်ဘက် ၉၃ မိုင်ခန့် ကွာဝေးတဲ့ မြန်မာပြည်တွင်းမှာ အင်အားရစ်ခ်ျတာစကေး ၄.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု ဒီမနက် လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂ ရက် မြန်မာစံတော်ချိန် ၇ နာရီ၊ ၁၈ မိနစ်၊ ၂၄ စက္ကန့် အချိန်မှာ ဗန်းမော်မြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၂၄ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄.၁၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၆၀ ဒီဂရီ၊ အနက် ၅ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။
ဓာတ်ပုံ-မိုးဇလ