ကသာမြို့တွင် ထင်းမီးဖိုမှတဆင့် နေအိမ် မီးလောင်
DVB
·
January 29, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ ရပ်ကွက် ၅ မှာ ဇန်နဝါရီ ၂၉ ရက် မနက် ၉ နာရီ လောက်က နေအိမ်တလုံး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ကသာမြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးအောင်ဖြိုးသူက ပြောပါတယ်။
ကသာမြို့ ရပ်ကွက် ၅၊ မဟာစည်ရိပ်သာကွက် ၁ အနီး မအေးစု နေအိမ်ရဲ့ ၂ ခန်းတွဲ မြေစိုက်၊ ပျဉ်ခင်း၊ သွပ်မိုး/ထရံကာ နေအိမ်မှာ ထင်းမီးနဲ့ ထမင်းအိုးတည်ထားခဲ့ရာမှတဆင့် နေအိမ်ဝါးထရံအား မီးလောင်ကျွမ်းခဲ့လို့ ကာလတန်ဖိုး ၁ သိန်းခွဲလောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဦးအောင်ဖြိုးသူက ပြောပါတယ်။
မီးလောင်မှုကို ကသာမြို့နယ် မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၄ စီးနဲ့ မီးငြှိမ်းသတ်ခဲ့တယ်လို့ ဆိုပါတယ်။
မီးပေါ့ဆစွာ အသုံးပြုသူ မအေးစုကို ပုဒ်မ ၂၈၅ အရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)