ဖြူးနှင့်မော်လိုက်တွင် ငလျင် ၂ ကြိမ်လှုပ်
DVB
·
January 20, 2018
ဒီနေ့ နေ့လယ်နဲ့ ညနေပိုင်းတွေမှာ ဖြူးနဲ့ မော်လိုက်မြို့နားတွေမှာ ငလျင် နှစ်ကြိမ်လှုပ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
နေ့လယ် ၁၂ နာရီ ၃၅ မိနစ်က ဖြူးမြို့ရဲ့ အနောက်တောင်ဘက် ၂၄ မိုင်လောက်အကွာမှာ အင်အား ရစ်(ခ်)တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ ငလျင်တခု လှုပ်ခဲ့ပါတယ်။
ညနေ ၄ နာရီ ၃၆ မိနစ်မှာတော့ မော်လိုက်မြို့ရဲ့ အရှေ့မြောက်ဘက် ၂၄ မိုင်လောက်အကွာမှာ အင်အားရစ်(ခ်)တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ ငလျင်တခု ထပ်လှုပ်ခဲ့တာပါ။
ပဲခူးရိုးမ ဖြူးမြို့ဝန်းကျင်မှာ ပြီးခဲ့တဲ့ တပတ်ကစပြီး ငလျင်တွေ ဆက်တိုက်လှုပ်နေခဲ့ပြီး အင်အား ၄ အထက် ငလျင်ပေါင်း အနည်းဆုံး ၁၀ ကြိမ်ရှိပြီ ဖြစ်ပါတယ်။
တနိုင်ငံလုံးမှာတော့ ငလျင်အကြိမ်ရေ ၂၀ ကျော် လှုပ်ခတ်ခဲ့တာပါ။