ဖြူးမြို့အနောက်တောင်ဘက်တွင် အင်အား ၄ ဒသမ ၈ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်
DVB
·
January 13, 2018
ဇန်န၀ါရီ ၁၂ ရက်နေ့ ည ၁၀ နာရီလောက်က ဖြူးမြို့ အနောက်တောင်ဘက် ၂၁ မိုင်လောက်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အား နည်ငယ်ရှိသော မြေငလျင်တခု ထပ်မံလှုပ်ခတ်သွားကြောင်း မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဖြူးမြို့ အနောက်တောင်ဘက်မှာ ဇန်န၀ါရီ ၁၂ ရက်နေ့ မနက်အစောပိုင်းက အင်အားရစ်(ခ်ျ)တာ စကေး ၆ ဒသမ ၀ အဆင့်ရှိ မြေငလျင် ၁ ကြိမ်၊ ၅ ဒသမ ၃ အဆင့် ၃ ကြိမ်နဲ့ ၄ ဒသမ ၇ အဆင့်ရှိ ၁ ကြိမ်၊ မနက် ၁၀ နာရီကျော်မှာ ၄ ဒသမ ၆ အဆင့် ၁ ကြိမ်နဲ့ ဟုမ္မလင်းအနီးမှာ နေ့လယ် ၂ နာရီလောက်က ၄ ဒသမ ၃ အဆင့်ရှိ မြေငလျင်တကြိမ် အသီးသီး လှုပ်ခတ်ခဲ့ပါတယ်။
ပဲခူးတိုင်း ဖြူးမြို့နားတ၀ိုက် လေးငါးခြောက်ကြိမ် လှုပ်နေတဲ့ ငလျင်ပြတ်ရွေ့ကြောဟာ အခုမှ ပေါ်လာတဲ့ ငလျင်ကြောအသစ်ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နာယက ဒေါ်လှလှအောင်က ဒီဗွီဘီကို ပြောပါတယ်။