ဝိုင်းဝန်းထိုးကြိတ်သတ်ဖြတ်ခံရသည့် အောင်ရဲထွေး၏ ဈာပနကျင်းပ (ရုပ်သံ)
သူသူအောင်
·
January 3, 2018
ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ ဟာသ ဗီဒီယိုဖိုင်တွေ ရိုက်ကူးတင်ဆက်လေ့ရှိတဲ့ ဟာသသရုပ်ဆောင် အောင်ရဲထွေး (ခ) ရဲထွေးအောင်ရဲ့ ဈာပနကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပပါတယ်။
၂၀၁၈ ဇန်နဝါရီ ၁ ရက် မနက် ၄နာရီမှာ ရဲထွေးအောင်(၂၄)နှစ်ဟာ သင်္ဃန်ကျွန်းမြို့နယ်ရှိ The One Entertainmentဝင်းမှာ ကျင်းပတဲ့ ပါတီပွဲသို့ ရောက်ရှိစဉ် လွန်ခဲ့တဲ့ ၄ ရက်လောက်က ခိုက်ရန်ဖြစ်ခဲ့ဖူးတဲ့ အမျိုးသား ၅ ဦးက ဝိုင်းဝန်းထိုးကြိတ်ခဲ့လို့ ဦးခေါင်းမှာ ဒဏ်ရာရပြီး ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရာမှာ ဇန်နဝါရီ ၂ ရက်နေ့ မနက် ၄ နာရီ ၃၅ မိနစ်မှာ သေဆုံးသွားခဲ့တာလို့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ရဲထွေးအောင်ကို ထိုးကြိတ်ခဲ့သူ ၅ ဦးကိုတော့ ဖမ်းမမိသေးတဲ့အကြောင်းနဲ့ ဒီအမှုကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ လူသတ်မှု အားပေးကူညီမှုနဲ့ ပြောင်းလဲအမှုဖွင့်ပြီး တရားခံတွေ ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။