Homeရုပျသံ
ရန်ကုန်တိုင်းအစိုးရသက်တမ်း ၂ နှစ်တွင်း စီမံကိန်းများအောင်မြင်နည်းဟု NLD အမတ်သုံးသပ် (ရုပ်သံ)
ရန်ကုန်တိုင်းအစိုးရသက်တမ်း ၂ နှစ်တွင်း စီမံကိန်းများအောင်မြင်နည်းဟု NLD အမတ်သုံးသပ် (ရုပ်သံ)
စိုးမိုးအောင်
·
January 2, 2018
ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ သက်တမ်း (၂) နှစ်တာကာလအတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းတွေဟာ အောင်မြင်မှုနည်းတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောပါတယ်။
ရန်ကုန်တိုင်းအစိုးရက စီမံကိန်းတွေဖော်ဆောင်တဲ့အခါ အစိုးရနဲ့လွှတ်တော်ကြားမှာ ပွင့်လင်းမြင်သာမှုအားနည်းတာတွေရှိနေပြီး စီမံကိန်းတွေအောင်မြင်မှုနည်းတာကြောင့် လာမယ့် နှစ်တွေမှာ အခုထက် (၃)ဆလောက် ပိုလုပ်ဖို့လိုမယ်လို့ သုံးသပ်ထားပါတယ်။
ရန်ကုန်တိုင်းအစိုးရက ပြောင်းလဲလုပ်ဆောင်လိုက်တဲ့ YBSစနစ်၊ ရန်ကုန်ညဈေးနဲ့ နောက်ဖေးလမ်းကြားမှာ အမှိုက်မပစ်ရေး စတာတွေလုပ်ပေမယ့် အောင်မြင်မှုမရှိခဲ့ဘူးလို့ လည်း ပြောပါတယ်။
ရန်ကုန်တိုင်းအစိုးရ လုပ်ဆောင်ခဲ့တဲ့စီမံကိန်းတွေမှာ ပွင့်လင်းမြင်သာမှုအားနည်းပြီး နိုင်ငံတော်ဘဏ္ဍာငွေ ဘီလီယံ (၇၀) နဲ့ ၀ယ်ယူထားတဲ့ YBS ယာဉ်တွေ ၀ယ်ယူရာမှာလည်း ပွင့်လင်းမြင်သာမှုမရှိခဲ့ဘူးလို့ ဦးကျော်ဇေယျက ပြောပါတယ်။