Homeမွနျမာသတငျးမိုးကုတ်မြို့ ကားဂိတ်ရှေ့ အမှိုက်ပုံးထဲ စွန့်ပစ်ခံထားရသည့် မွေးကင်းစကလေးငယ်တွေ့ရှိ
မိုးကုတ်မြို့ ကားဂိတ်ရှေ့ အမှိုက်ပုံးထဲ စွန့်ပစ်ခံထားရသည့် မွေးကင်းစကလေးငယ်တွေ့ရှိ
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့အရှေ့ပိုင်း ကန်တော်ရပ်ကွက် ကျော်သီဟကားဂိတ် ရှေ့က အမှိုက်ပုံးအတွင်းထဲမှာ စွန့်ပစ်ထားတဲ့ မွေးကင်းစကလေးတစ်ဦးကို ဒီဇင်ဘာ ၇ ရက် မနက်က တွေ့ရှိခဲ့ပါတယ်။
ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး အမှိုက်ပုံးအတွင်း ကလေးငိုသံကြားရာကနေ အနီးနား ပတ်ဝန်းကျင်မှာရှိတဲ့ လူများက ရှာဖွေရာမှ အခုလို တွေ့ရှိခဲ့တာပါ။
မျက်မြင်တွေ့ရှိရသူ မိုးကုတ်ဒေသခံ ဦးဝင်းဌေးက“ကလေးငိုသံကြားလို့ အမှိုက်ပုံးကို ဖွင့်လိုက်တော့မှ လာတွေ့တာ။ ဘယ်သူ စွန့်ပစ်သွား တယ်ဆိုတာ မသိဘူး။ ကလေးကို တရုတ်စောင်နဲ့ပတ်ပြီး ပစ်ထားတာ။ အခု ဆေးရုံပို့ထားတယ်။ ရပ်ကွက်လူကြီးတွေနဲ့ သက်ဆိုင်ရာတွေကိုလဲ အသိပေးထားပါတယ်”လို့ ပြောပါတယ်။
ကလေးငယ်ဟာ မိုးကုတ်ဆေးရုံမှာ ဆေးစစ်ကာ ကုသမှုခံယူနေပြီး မွေးစားမယ့် သူရှိလည်း စာချုပ်စာတမ်းနဲ့ တရားဝင်မွေးစားနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ရန်နိုင်စိုး