နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို ရန်ကုန်ဆေးရုံကြီးတွင် အခမဲ့ခွဲစိတ်ပေးမည်
DVB
·
November 12, 2017
ဆိုးလ်မြို့က ပလတ်စတစ်ခွဲစိတ်ဆရာဝန်တွေနဲ့ မြန်မာနိုင်ငံက ဆရာဝန်တွေပူးပေါင်းပြီး အသက် ၁၃ နှစ်အောက် နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာတွေကို ရန်ကုန်ဆေးရုံကြီးမှာ နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ဒီဇင်ဘာ ၁ ရက်နေ့အထိ အခမဲ ခွဲစိတ်ကုသပေးမယ်လို့ သိရပါတယ်။
အဲဒီခွဲစိတ်မူ ခံယူလိုတဲ့သူတွေအနေနဲ့ နိုဝင်ဘာ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာမေးရိုးခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ဌာနမှာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။
ဒီခွဲစိတ်မှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ကိုရီးယားသမ္မတနိုင်ငံ posco Daewoo corporation တို့ ပူးပေါင်းပြီးလုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကလေးငယ်တစ်ဦးတည်းမှာ နှုတ်ခမ်းနဲ့ အာခေါင်ကွဲဖြင့် မွေးလာတဲ့ မွေးရာပါ ချို့ယွင်းတဲ့ က လေးဦးရေဟာ အသက်ရှင်ပြီး မွေးလာတဲ့ကလေးဦးရေ ၁၀၀၀ ရဲ့ ၁ဒသမ၇ဦးအထိရှိတယ်လို့ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) မေးရိုးနဲ့ခွံတွင်းခွဲစိတ်ကုသဌာနကထုတ်ဝေတဲ့ ပညာပေးစာစောင်မှာဖော်ပြထားပါ တယ်။