ငြိမ်ချမ်းရေးရက်သတ္တပတ် လှုပ်ရှားမှု ကြိုတင်ပြင်ဆင်
DVB
·
November 7, 2017
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာကော်မတီက ဦးစီးပြီး ငြိမ်းချမ်းရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်ထိ ကျင်းပသွားမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေး ရက်သတ္တပတ်လှုပ်ရှားမှု သတ်မှတ်ထားတဲ့ရက်အတွင်းမှာတော့ မန္တလေးမြို့ ၆၆ လမ်း (ကျုံးအရှေ့ဘက်လမ်း)၊ အမျိုးသားကဇာတ်ရုံရှေ့မှာ ငြိမ်းချမ်းရေး မီးထွန်းပွဲနဲ့ လမ်းလျှောက်စာအုပ်ဈေးပွဲတော်ကို နိုဝင်ဘာလ ၈၊ ၉၊ ၁၀ ရက်နေ့တွေမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး မီးထွန်းပွဲနဲ့ လမ်းလျှောက်စာအုပ်ဈေးပွဲတော်မှာ ငြိမ်းချမ်းရေးချိုးငှက် မီးပုံး ၃၀၀ ထွန်းညှိတာ၊ စာအုပ်အရောင်းဆိုင်တွေ ခင်းကျင်းရောင်းချတာ၊ စာပေချစ်သူတွေကို စာအုပ်တွေ အခမဲ့စတုဒီသာပေးလှူတာ၊ စတုဒီသာကျွေးမွေးတာ၊ စာချစ်သူတွေနဲ့ စာရေးဆရာတွေ စာပေစကားဝိုင်းဖွဲ့တာ၊ ကာတွန်းဆရာတွေက ကယ်ရီကေးချား ရေးဆွဲပေးတာ၊ ငြိမ်းချမ်းရေးကာတွန်းပြပွဲ ပြသတာ၊ တေးဂီတ၀ိုင်းတွေက တီးခတ်ဧည့်ခံတာတွေကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၁ ရက် မနက် ၉ နာရီမှာတော့ အမျိုးသမီးအခွင့်အရေးနဲ့ ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲကို မန္တလေးမြို့ ၇၈ လမ်းနဲ့ ၃၄ လမ်းထောင့်ရှိ ရတနာပုံစူပါစင်တာ စတုတ္ထထပ်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်ကြီးတွေနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းခန်းမ မှာ ကျင်းပသွာမှာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၂ ရက် ညနေ ၆ နာရီမှာလည်း မနော်ရမ္မံလူထုဟစ်တိုင်ကွင်းမှာ ငြိမ်းချမ်းရေး ဂီတပဒေသာကပွဲကို အဆိုတော်မွန်းအောင်နဲ့အတူ တိုင်းရင်းသားအကပဒေသာဖျော်ဖြေတာတွေ ကျင်းပသွားမှာဖြစ်ပါတယ်။