Home
မြန်မာသတင်း
မိုမိုတို့အတွက် ရင်တွင်းစကားသံ၊ တောဆင်ရိုင်း ကာကွယ်ထိန်းသိမ်းရေး ကမ်ပိန်းပြုလုပ်
DVB
·
November 4, 2017
မြန်မာနိုင်ငံမှာ တောဆင်ရိုင်းတွေ အရေခွံခွာယူရန်ဖို့ အတွက် တပတ်ကို တကောင်နှုန်း သတ်ဖြတ်ခံနေရတာနဲ့ပက်သက်ပြီး “မိုမိုတို့အတွက် ရင်တွင်းစကားသံ” လို့အမည်ပေးထားတဲ့ လူထုလှုပ်ရှားမှု ကမ်ပိန်းတစ်ခုကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မှာ ၃ ရက် ပြုလုပ်နေပါတယ်။ အခုလို နှုန်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် ၂၀၃ဝ ၊ ၂၀၃၅ အရောက်မှာ မြန်မာ့တောဆင်ရိုင်းတွေ ပျောက်ကွယ်သွားနိုင်တယ်လို့ ဆင်အရေးနဲ့ ပတ်သက် ဆောင်ရွက်နေသူတွေက ပြောပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့ကစပြီး ၆ ရက်နေ့ထိ ပြုလုပ်မယ့် ဒီကမ်ပိန်းမှာ ဆင်ရုပ်တွေကိုပြသပြီး ဆင်တွေနဲ့ လူတွေနဲ့ ဖြစ်ပွားလေ့ရှိတဲ့ ပဋိပက္ခတွေနဲ့ပက်သက်ပြီး ပညာပေးလက်ကမ်း စာစောင်တွေကို လိုက်လံဝေငှနေပါတယ်။ ကမ်ပိန်းကို ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသင်း(BANCA)၊ နိုင်ငံတကာတောရိုင်း တိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးအဖွဲ့(FFI) မြန်မာ၊ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေးမိတ်ဆွေများအသင်း (FOW)/Grow Back For Posterity (GBP) သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS /ကမ္ဘာလုံးဆိုင်ရာသဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF)/တို့က ပူးပေါင်းလုပ်ဆောင်နေတာပါ။ သတင်းနှင့်ဓာတ်ပုံ-ပြည့်ဘုန်းအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024