Home
မြန်မာသတင်း
တောင်ကြီးမြို့လယ် ရွှေဆိုင်တွင် သေနတ်အတုဖြင့် လုယက်သူကို ဖမ်းဆီးရမိ
DVB
·
October 26, 2017
တောင်ကြီးမြို့ ရေထွက်ဦးလမ်း ကန်ရှေ့ရပ်ကွက်ရှိ city square မြောက်ဘက် လုံဝမ်ရွှေဆိုင်မှာ ဒီနေ့ ၁၂ နာရီခွဲလောက်က သေနတ်တုနဲ့လုယက်တဲ့ အမျိုးသားတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တောင်ကြီးမြို့မနယ်မြေ စခန်းမှူးက ပြောပါတယ်။ ရွှေဆိုင်ပိုင်ဆိုင်ရှင်မှ လုံးထွေးပြီး ဖမ်းဆီးခဲ့ရာ ရွှေထည်ပစ္စည်းပါမသွားဘဲ ထွက်ပြေး သွားပြီးနောက် ရဲကို အကြောင်းကြားရာမှ နေ့လယ် ၂ နာရီအချိန်မှာ city square အောက်ထပ်မှာ ဖမ်းဆီးရမိခဲ့တာပါ။ တောင်ကြီး မြို့မနယ်မြေ စခန်းမှူးက “အခုမှ ဖမ်းမိတာဗျာ။ ဆိုင်ရှင်က အမှုဖွင့်တယ်။ ဆက်လက်မေးမြန်းနေပါတယ်။ အသေးစိတ် အချက်အလက်ရအောင်ပေါ့”လို့ ပြောပါတယ်။ လုယက်သူဟာ ခွန်ရန်းထို တောင်ကြီးမြို့ တောင်ဘက် လွယ်ကောင်ရွာမှာ နေထိုင်တာ ဖြစ်ကြောင်း ကနဦးသတင်းရရှိပါတယ်။ သတင်း - ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024