Home
မြန်မာသတင်း
ကျိုက်ထီးရိုးရင်ပြင်ပေါ် တရားမ၀င်ရောင်းချသည့် အစားအစာများအား ဖျက်ဆီး
DVB
·
October 22, 2017
ကျိုက်ထီးရိုးရင်ပြင်တော်မှာ တရားမဝင်ရောင်းချနေတဲ့ ဈေးသည် ၂၀ ကျော်အား ခေါ်ယူသတိပေးပြီး အစားအစာတွေကို ဖျက်ဆီးလိုက်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။ ကျိုက်ထိုမြို့နယ်မှာ နှစ်စဉ်ကျင်းပနေတဲ့ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီဗုဒ္ဓပူဇနိယဘုရားပွဲ တော်မှာ သတ်မှတ်အခွန်နဲ့ ရောင်းချနေတဲ့ လုပ်ငန်းရှင်တွေ အခက်အခဲမဖြစ်ပေါ်စေဖို့ ဘုရားဖူး ပြည်သူတွေ အစားအသောက်ကြောင့် ဘေးအန္တရာယ်မဖြစ်ပေါ်စေဖို့ တာဝန်ရှိသူတွေက အခုလို ပြုလုပ်တာလို့ ဆိုပါတယ်။ ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့က ကြပ်မတ်ပြီး ရင်ပြင်တော်မှာ တရားမဝင် လာရောက်ရောင်းချနေတဲ့ အစားအစာတွေကို အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းမှာ ဂေါပကအဖွဲ့ဝင်တွေ၊ ရင်ပြင်တော်ရဲကင်းစခန်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ဈေးကော်မတီတာဝန်ရှိသူတွေက ရင်ပြင်တော်ပေါ် တရားမဝင် လာရောက်ရောင်းချနေတဲ့ ဈေးသည် ၂၂ ဦးကို ခေါ်ယူပြီး ထပ်မံ လာရောက်ရောင်းချတာ မပြုလုပ်ဖို့ ခံဝန်လက်မှတ်ရေးထိုးစေပြီး ရောင်းချတဲ့ အစားအစာတွေကို သိမ်းဆည်း ဖျက်ဆီးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သိမ်းဆည်းဖျက်ဆီးခဲ့တဲ့ အစားအစာတွေက ကြက်ကြော်၊ ငှက်ကြော်၊ ဗယာကြော် အချဉ်ပေါင်း၊ ငုံးဥ၊ ကြက်ဥ၊ အသားလုံး၊ ဒုတ်ထိုးတွေဖြစ်ပြီး ထပ်မံရောင်းချပါက ထိရောက်စွာအ ရေးယူသွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024